💕 " Out " - 23

758 51 16
                                    

✍️ Unicode

" အချစ် "

ချစ်တယ်လို့ပြောရတာသိပ်လွယ်ပြီး တကယ်ချစ်တတ်ဖို့တော့လက်တွေ့မှာသိပ်ခက်ခဲတယ်။

အချစ်ဆိုတာမျိုးက လိုက်ရှာရင်တွေ့တော့မလိုလိုနဲ့ ရှာဖွေရင်းပျောက်ဆုံးရင်းနဲ့ဆုံဆည်းဖို့ခဲယဉ်းတတ်တယ်။

ကိုယ်တွေ့နေတာကအချစ်စစ်လို့ထင်နေရပေမဲ့ တကယ်တမ်းယုံကြည်မိတော့ အတုအယောင်ဖြစ်လို့နေတတ်ပြန်တယ်။

ယဉ်ကျေးလိမ္မာသလိုလိုနဲ့တစ်ခါတစ်ရံမှာဆိုးသွမ်းသူဖြစ်နေတတ်တာလည်းအချစ်ပဲ။

လောကမှာလူတွေကိုအလှည့်စားနိုင်ဆုံး အလှည့်ဖျားနိုင်ဆုံးအရာကလည်း အချစ်ဆိုရင် မမှားနိုင်သလောက်ပဲလေ။

~~~~~~~~~~~~~~~~  " Out "

တော်ဝင်သွေးရဲ့နောက်ကနေအိမ်ထဲဝင်လာတဲ့ ထည်ကလေးကိုကြည့်ကာ သူအံဩသွားမိသည်။မြင်နေကြပုံစံမဟုတ်တော့ဘဲ ခေါင်းအစခြေအဆုံးပြောင်းလဲလိုက်တဲ့အခါ ရွာကလာခဲ့တဲ့ထည်ကလေးမဟုတ်တော့။သူကပြောင်းရအောင်ပါလို့ပြောတုန်းကတော့မပြောင်းဘဲ တော်ဝင်သွေးနဲ့မှပြောင်းလာခဲ့တဲ့ထည်ကလေးကိုစိတ်ထဲခုချင်ပြန်သည်။

" ဟာ ကိုရဲရင့်တို့ပြန်ရောက်ပြီလား မမကလျာရော "

" မမကခဏနားချင်သေးလို့တဲ့လေ အိမ်မှာနေခဲ့တယ် ကျွန်တော်ကရေချိုးပြီးပြီမို့ အန်ကယ်တို့အတွက်မုန့်တွေပေးရင်းဆိုပြီး မမအရင်ထွက်လာခဲ့လိုက်တာ "

မုန့်တွေပေးချင်တာထက် ထည်ကလေးကိုတွေ့ချင်တာရောဆိုတာတော့ သူများတွေကိုမပြောဘဲထားလို့ရပေမဲ့ ကိုယ့်ကိုယ်ကိုတော့လိမ်လို့မရ။

" ဪ  ဒါဆိုခန့်ကိုကအိမ်ပြောင်းရတော့မှာပေါ့ "

တော်ဝင်နဲ့ထည်ကလေးကအထုပ်အပိုးတွေကိုစားပွဲပေါ်မှာတင်လိုက်ရင်းထိုင်ခုံမှာဝင်ထိုင်ကြသည်။

" ဟုတ်တယ် တစ်ခါတည်းလိုက်ခဲ့မလားထည်ကလေး "

" ငါညကြမှပဲလာခဲ့လို့ရမလား "

" ရတယ်လေ ညကြငါလာခေါ်မယ် "

" မခေါ်ပါနဲ့ ကျွန်တော်လာပို့လိုက်မယ် "

💕 " Without ........ "Tahanan ng mga kuwento. Tumuklas ngayon