🌹 About Cover Photo

2.4K 54 5
                                    

ပထမဆုံးအနေနဲ့ Cover Photo လေးရဲ့အကြောင်းကိုပြောပြချင်လို့ပါ။

🍀 Cover ရဲ့ နောက်ခံ အနက်ရောင်ကတော့ ခက်ခဲကြမ်းတမ်းတဲ့ဘဝခရီးကိုပြောချင်တာပါ။

🍀 လက်တွဲထားတဲ့ အဖြူရောင်လေးနှစ်ခုကတော့ သန့်စင်တဲ့ချစ်ခြင်းမေတ္တာကိုဖော်ပြချင်တာပါ။

🍀 အနီရောင်ဖဲကြိုးလေးတွေကတော့ ရဲရင့်တဲ့သတ္တိကိုဆိုလိုချင်တာပါ။

🍀 အားလုံးခြုံပြောရရင် ဘယ်လောက်ပဲခက်ခဲကြမ်းတမ်းနေပါစေ ဖြူစင်တဲ့အချစ်အတွက် ရဲရင့်တဲ့သတ္တိရှိမယ်ဆိုရင် နှစ်ယောက်အတူတူလက်တွဲသွားလို့ရတယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။

ကျွန်တော်ဖော်ပြချင်တဲ့အထဲမှာလိုအပ်ချက်တွေရှိနေသေးတယ်ဆိုရင်လည်းခွင့်လွှတ်ပေးကြပါဗျ။

ပြီးတော့ဝန်ခံချင်တာတစ်ခုရှိပါသေးတယ်။ဒီဇာတ်လမ်းထဲက အဓိကဇာတ်ကောင်နှစ်ယောက်ဟာ အခုအချိန်ထိသက်ရှိထင်ရှားရှိနေကြပါသေးတယ်။ကျူရှင်မှာသင်္ချာသင်တဲ့ဆရာဆိုတာကတော့ ကျွန်တော်ကိုယ်တိုင်ပါပဲခင်ဗျာ။

တစ်စုံတစ်ရာမှားယွင်းနေခဲ့တယ်ဆိုရင်စာရေးသူကျွန်တော့်ရဲ့လိုအပ်ချက်သာဖြစ်တာမို့ ဝေဖန်သံလေးလည်းကြားချင်ပါတယ်။

Edit ....
အခုတော့လိုင်းပေါ်ကနေတွေ့တဲ့ပုံလေးကိုကြိုက်လို့ ပြန်ပြောင်းထားပါတယ်ဗျ။မူလပုံပိုင်ရှင်ကိုလည်း credit ပေးပါတယ်ခင်ဗျာ။

ချစ်သော
ယောသွေးမောင် 💕
#yawthawemaung

~~~~~~~~~~~~~~~~~~~~~~~~~~~









Edit ....

ချစ်သော
ယောသွေးမောင် 💕
#yawthawemaung

💕 " Without ........ "Donde viven las historias. Descúbrelo ahora