22

100 17 2
                                    

Unicode

"အခြေအနေတစ်ခုအောက် လူနှစ်ယောက် ဆုံတွေ့ရင်း"

"သူငယ်ချင်းတွေတစ်ဖြစ်လည်း၊ မရဲတရဲ အကြည့်တွေ၊
ထိလွယ်ရှလွယ် စွန့်စားမှုတွေ"

"နှစ်ဦးသားကြား ခြားနားတဲ့ သံယောဇဉ်၊ ရင်ဘတ်ထဲက ခံစားချက်တွေဟာ"

တစ်မျိုးတစ်ဘာသာ၊ ကြည်နူးစရာ အဖြစ်ပြောင်းလဲသွားတာ၊
ဒါ ကျွန်တော်တို့ 'အကြည်ဓာတ်လေး' မှာ တင်ဆက်ကြမှာ"

"ကျွန်တော်တို့ရဲ့ အသစ်စက်စက်ရှိုးကနေ ကြိုဆိုပါတယ်ခင်ဗျ"

သူတို့နှစ်ယောက်စလုံး တစ်ပြိုင်နက်တည်း ပြောလိုက်ကြတယ်။

ရှိုးအတွက် Taehyung ကြောက်တာရော၊ ရင်ခုန်တာရော နှစ်မျိုးစလုံး ခံစားနေရတယ်။ ပထမတုန်းက သူ့အနေနဲ့ စကားပြောဖို့ရော၊ ရှိုးကို တင်ဆက်ဖို့ရော အချိန်များများစားစားမရပါဘူးလို့ သူတွေးထားတာ။ ဒါပေမဲ့လည်း ဇာတ်ညွှန်းဖတ်လိုက်ရတဲ့အခါ သူ ရှော့ခ်ရသွားခဲ့တယ်။ သူက Jungkook ထက်တောင် စကားပြောရမယ့် lines ပိုရ ချင်ချင်ဖြစ်နေတယ်။ ဒီအတွက် Jungkook မှာ ဘယ်လိုစေတနာဆိုးမှ မရှိဘူးလို့ သူ့ကို ခံစားသွားရစေတယ်။

"ဘဝဆိုတာ ချစ်ခြင်းမေတ္တာပါပဲ။ ကျွန်တော်တို့တတွေ ဘယ်သူ့ဆီကနေပဲဖြစ်ဖြစ် အချစ်ခံရနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့လက်တွဲဖော်ဆီကရတဲ့ အချစ်ကတော့ဖြင့် ခြားနားတဲ့ တစ်စုံတစ်ခု၊ ပြီးရင် ပိုပြီး ကြည်နူးချင်စရာကောင်းတဲ့ တစ်စုံတစ်ရာလို့ ပြောရမယ်။ ဘာဖြစ်လို့လဲဆိုရင် တစ်ခါတရံ အဲ့ဒီအချစ်က မမျှော်လင့်ဘဲ ရောက်လာတယ်၊ တစ်ခါတရံ ရှိနေတယ်လို့ ကျွန်တော်တို့တတွေ မသိတဲ့ ပုံစံတစ်မျိုးနဲ့ ရောက်လာတယ်။ ဒါပေမဲ့ နောက်ကျပြန်တော့ ကျွန်တော်တို့ အဲ့ဒီအချစ်ကို ကျွန်တော်တို့ရဲ့ဘဝတစ်လျှောက်လုံး လိုအပ်တယ်လို့ သိလာကြတယ်"

"အချစ်ဆိုတာ လူတိုင်းရသွားနိုင်တာမျိုးမဟုတ်တဲ့ အရာတစ်ခုပါဗျ။ ထိုက်ထိုက်တန်တန် ရယူရတာမျိုးဖြစ်ပါတယ်။ ဒီရှိုးကနေ ကျွန်တော်တို့က ဘဝမှာ အဲ့ဒီအချစ်ကို ထိုက်ထိုက်တန်တန် ရယူသွားခဲ့ကြသူတွေရဲ့ ချစ်စရာကောင်းပြီး ရဲရင့်တဲ့ ဇာတ်လမ်းတွေကို တင်ဆက်သွားကြမှာပါ"

FM 88.2 | ဘာသာပြန် |Kde žijí příběhy. Začni objevovat