Unicode
"ဒီတစ်ခါတော့ ကုမ္ပဏီက နေ့လယ်စာစားရိတ်ခံမယ် မထင်ဘူး"
Taehyung က Jungkook ကို ပြောတယ်။ Taehyung ရဲ့ စကားကြောင့် Taehyung ကို Jungkook ပြုံးယောင်ယောင်ကြည့်လိုက်ပြီး ခေါင်းညိတ်တယ်။
"ရှိုးအကြောင်း ပြောချင်လို့။ ပထမဦးဆုံးအပိုင်းကို မင်း ဘယ်လို သဘောရလဲ။ ရှိုးတင်ဆက်ရတာ သက်သောင့်သက်သာရှိရဲ့လား။ မင်းရဲ့ အရင်ရှိုးနဲ့ မတူမှန်းသိလို့ ငါ့ကို မင်းရဲ့အမြင်ပြောပြပါဦး"
Jungkook သူ့ကို မေးခွန်းတွေ တစ်ခုပြီးတစ်ခု ဆင့်မေးနေတာကို နားထောင်ရင်း Taehyung အအေးကို တစ်ငုံသောက်လိုက်တယ်။
"အင်း၊ တစ်ခုနဲ့တစ်ခု မတူဘူးဆိုပေမဲ့ ရှိုးက ကောင်းပါတယ်။ ကျေးဇူး"
နောက်ဆုံးစကားလုံးကို လေသံလေးနဲ့ ရေရွတ်လိုက်တယ်ဆိုပေမဲ့ Jungkook က သူ့ကို အပြည့်အဝ အာရုံစိုက်နေတာမို့လို့ ကြားလိုက်ရတယ်။
"ဘာအတွက် ကျေးဇူးလဲ"
"ငါ့ကို ရှိုးမှာ ပါဝင်ခွင့်ပေးလို့...ပြီးတော့ ရှိုးမှာ ငါ့ကို စကားပြောချိန်အညီအမျှခွဲပေးလို့"
Taehyung ကို Jungkook ပြုံးတယ်။ သူ့ရဲ့အပြုံးလွင်လွင်ကြီးကို အသေအလဲ ထိန်းချုပ်ထားတာဖြစ်လို့ professional တစ်ယောက်လို အလောတော်ပဲ ပြုံးပြဖြစ်တယ်။ Taehyung က ရှက်နေသလိုမျိုး အသံတိုးတိုးလေး။ Taehyung ရဲ့ ပါးပြင်တွေထက် ရှက်သွေးရေးရေး ပြေးသွားတာကိုလည်း Jungkook သတိပြုမိတယ်။
ဝိုး၊ သူ ရှက်နေတာတဲ့။ အကောင်းသဘောလို့ မှတ်ယူရမလား၊ ငါ စိတ်ထင့်ရမလား။
Taehyung ရဲ့ အမူအယာအပြောင်းအလဲတွေကို တွက်ဆရင်း Jungkook သူ့ကိုယ်သူ ပြောတယ်။ Taehyung ရဲ့ fan အဖြစ်နဲ့ သူ စကားပြောနေတုန်းဆိုလို့ရှိရင် Taehyung ရဲ့ ပုံစံက အကန့်အသတ်မဲ့တဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုရဲ့ အထောက်အပံ့နဲ့ ရဲရင့်နေတဲ့ လူတစ်ယောက်လိုပဲ။
"မင်း ရသင့်ရထိုက်ပါတယ်၊ Taehyung "
Taehyung က ပါးစပ်ထဲကို ထမင်းတစ်ဇွန်းထည့်လိုက်ရင်း ခေါင်းညိတ်တယ်။ သူတို့နှစ်ယောက်စလုံး နေ့လယ်စာကို အေးအေးဆေးဆေးနဲ့ ဖြည်းဖြည်းချင်း စားနေခဲ့တယ်။ Taehyung ရှက်နေသေးတယ်ဆိုတဲ့အချက်က Jungkookအနေနဲ့ မျက်ကွယ်ပြုထားဖို့ ခက်နေပါတယ်။
YOU ARE READING
FM 88.2 | ဘာသာပြန် |
Fanfiction"Kim Taehyung လားခင်ဗျ" "ချီးတဲ့မှ...ဟျောင့်။သောက်ကျိုးနည်း မနက်(၃)နာရီပဲ ရှိသေးတာ မင်း ပြောချင်တယ်ဆိုရင်လည်း" "ကျွန်တော်က ခင်ဗျားနဲ့ ခင်ဗျား အစီအစဥ်ရဲ့ fan အကြီးစားပါ၊တင်ဆက်သူ V ခင်ဗျ" "နေဦး....ခင်ဗျား၊ကျွန်တော် တကယ်ကြီး fan တစ်ယောက်ရလာ...