*78* ငါကမင်းရဲ့ဖေဖေ

9.8K 1.7K 64
                                    

ဆရာသခင်ကျိရှင်းမှာ ချက်ချင်းဘဲ ပါးစပ်အပြည့် ဝိညာဥ်စွမ်းအားတွေမြိုချမိလိုက်သည်။
"ဒီလောက်သိပ်သည်းတဲ့ဝိညာဥ်စွမ်းအားတွေ ဘယ်နေရာကနေရောက်လာရတာလဲ..ဒီမှာကောင်းကင်ဘုံအဆင့်ရှေးဟောင်းရတနာတစ်ခုခုများရှိနေလို့လား.."

ပုချီက ယင်ကျင်းရဲ့ အခန်းကိုလှမ်းကြည့်လိုက်သည်။
"အဲ့တာ သခင်ယင်ရဲ့အခန်းကဘဲ"

ရုတ်တရက် ရုန်ယိစိတ်ထဲတစ်ခုခုတွေးမိလိုက်တာကြောင့် သူချက်ချင်းမတ်တပ်ရပ်ပြီးပြောလိုက်သည်။
"ငါသွားကြည့်လိုက်မယ်"

တစ်ခြားသူတွေကလည်း လိုက်ပြီးကြည့်ချင်ကြပေမဲ့ အဲ့တာက ယင်ကျင်းရဲ့ရဲ့အခန်းဖြစ်နေတာကြောင့် သူတို့မှာ အပြင်ကနေစောင့်နေရုံသာတတ်နိုင်ကြသည်။

ရုန်ယိ တံခါးဝကိုရောက်တဲ့အခါမှာ အနက်ရောင်ဝတ်စုံနဲ့လူက ယင်ကျင်းရဲ့ကို ဆေးလုံးတစ်လုံးပါတဲ့​သေတ္တာလေးကို လေးစားစွာနဲ့ ကမ်းပေးနေတာကိုတွေ့လိုက်ရသည်။

"ကလေးတွေအဖေ..ကျွန်တော်ဝင်လာလို့ရမလား"

ယင်ကျင်းရဲ့က "အင်း" လို့သာပြန်ဖြေလိုက်ပြီးနောက်ဆေးလုံးကို နှာခေါင်းဝနားမှာတေ့ပြီး အနံ့ခံကြည့်လိုက်သည်။
"သိပ်သည်းလွန်းတဲ့ဝိညာဥ်ချီတွေ..အဆင့်ကိုးဆေးလုံးထက်တောင် ပိုကောင်းသေးတာဘဲ"

ယင်ယန်က စိတ်လှုပ်ရှားနေတဲ့အသံနဲ့ပြောလာသည်။
"ဟုတ်ပါတယ်..ကျွန်တော်လည်း အဆင့်မြင့်ဆေးပင်တွေနဲ့ အဆင့်နိမ့်ဆေးပင်တွေရောပြီး သန့်စင်ထားတဲ့ဆေးလုံးက အဆင့်၉ဆေးလုံးတွေအားလုံးထက် ပိုကောင်းနေလိမ့်မယ်လို့မမျှော်လင့်ထားခဲ့မိဘူး..ဒါက ကျွန်တော်တွေးနိုင်တာထက်တောင်ပိုကျော်လွန်နေသေးတယ်..ကျွန်တော်စမ်းကြည့်ပြီးပြီ..ဒီဆေးလုံးက ကျင့်ကြံသူတစ်ယောက်ရဲ့ အရေပြားနဲ့အသားတွေကို မာကျောကြံ့ခိုင်စေရုံသာမကဘဲ ကြွက်သားတွေနဲ့အရိုးတွေကိုပါ မာကျောစေသေးတယ်..ဒီဆေးညွှန်းကိုသာ စောစောရခဲ့မယ်ဆိုရင် ပြီးခဲ့တဲ့အခေါက်က သခင့်ရဲ့မိုးကြိုးစမ်းသပ်မှုကို ကျရှုံးခဲ့မှာမဟုတ်ဘူး"

ယင်ကျင်းရဲ့ ရုန်ယိကိုတစ်ချက်ကြည့်ပြီး ယင်ယန်ကိုမေးလိုက်သည်။
"ဘာလို့ အဆင့်၉ဆေးပင်တွေဘဲသုံးထားတဲ့ဆေးလုံးက ဆေးပင်တွေရောထားတဲ့ဆေးလုံးကိုမယှဥ်နိုင်ရတာလဲဆိုတာ မင်းသိလား"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now