*79* ငါဒီဘောလုံးကြီးနဲ့အတူထွက်ပြေးသွားမှာ

9.5K 1.7K 42
                                    

ရုန်ယိ ခဏလောက်နေမှသတိပြန်ဝင်လာသည်။ သူမွေးဖွားဖို့ ခက်ခက်ခဲခဲနဲ့ အချိန်အကြာကြီးယူခဲ့ရတဲ့ သူ့ကလေးတွေက တစ်ခြားတစ်ယောက်ကို ဖေဖေလို့ခေါ်မှာကို တွေးကြည့်လိုက်ရုံနဲ့ သူ့ဒေါသတွေဆူပွက်လာရ၏။ ဒါပေမဲ့ ထိုလူက သူဒေါသထွက်စိတ်ဆိုးတာကို မြင်တွေ့ချင်နေရုံသာ..ဒါကြောင့်.. သူဘယ်တော့မှ ထိုသူဖြစ်စေချင်တဲ့အတိုင်းဖြစ်ခွင့်ပေးမှာမဟုတ်ပေ။

သူချီလန်ရှေ့ကို လျှောက်သွားလိုက်ပြီး ပြုံးရင်းနဲ့ သူ့လက်တွေကိုဆန့်ပေးလိုက်သည်။
"ချယ်ရီသီးလေး..ဒီကိုလာ..ဖေဖေချီမယ်"

သူ့ရဲ့တောက်ပတဲ့အပြုံးကိုတွေ့တဲ့အခါ ချီလန်ရဲ့တက်ကြွနေတဲ့မျက်ဝန်းတွေ ကျဥ်းမြောင်းသွားတော့သည်။

"ဖေဖေ!"
ယင်ထောင်က ရုန်ယိလက်တွေထဲပစ်ဝင်လာပြီး ချီလန်ကိုကြည့်နေရင်းနဲ့ သူ့လည်ပင်းကိုဖက်တွယ်လာသည်။
"ဖေဖေ..ဒီလူဆိုးကြီးက သူ့ကို သားက ဖေဖေလို့ခေါ်ရမယ်တဲ့"

"သူက သားဖေဖေလား.."

"မဟုတ်ဘူး"

ရုန်ယိက ချီလန်ကို အပြုံးပါးပါးလေးတစ်ခုပြန်ပေးလိုက်သည်။
"သူက သားဖေဖေမဟုတ်ဘူးဆိုတာ သိနေရင်ပြီးတာဘဲ..အခုကစပြီး သူ့ကိုလျစ်လျူသာရှုထားလိုက်"

ယင်ထောင်က နာခံစွာနဲ့ခေါင်းလေးငြိမ့်ပြလာသည်။

"ပုချီ..ရှန်းလွီ့..ကျွန်တော့်အစား ဧည့်သည်ကိုပြန်လိုက်ပို့ပေးလိုက်ပါဦး"

ပုချီနဲ့ ရှန်းလွီ့တို့က ဟိုဘက်ခြံဝန်းထဲမှာနေကြပေမယ့်လည်း သူတို့ရဲ့ကျင့်ကြံဆင့်က မြင့်မားတာကြောင့် ဒီနေရာမှာဘာတွေဖြစ်နေသလဲဆိုတာ သူတို့ရှင်းရှင်းလင်းလင်းကိုကြားလိုက်ကြရသည်။ ရုန်ယိသူတို့ကိုခေါ်တာ ကြားလိုက်တာနဲ့ ချက်ချင်းခုန်ဝင်လာကြပြီးနောက် ချီလန်ကို ထွက်သွားပေးဖို့ လက်ဟန်ပြလိုက်သည်။
"သခင်ချီလန်..ကျေးဇူးပြုပြီး.."

ချီလန်က ပုချီနဲ့ ရှန်းလွီ့တို့ကို တစ်ချက်ကြည့်လိုက်သည်။
"ဒီလိုကျင့်ကြံဆင့်မြင့်တဲ့ကျင့်ကြံသူနှစ်ယောက်ကို မင်းရဲ့ကိုယ်ရံတော်အဖြစ်ခန့်အပ်ထားနိုင်မယ်လို့ မမျှော်လင့်ထားခဲ့မိဘူး..ဒါပေမယ့် ငါဒီမှာနေဖို့ကို သခင်မကြီးကသဘောတူထားတာ..ဒါကြောင့် မင်းမပြောနဲ့ ဆရာတူညီလေးယင်တောင်မှဘဲ ငါ့ကိုမောင်းထုတ်ခွင့်မရှိဘူး..ငါတော့ ပိလော့ခြံဝန်းက တော်တော်လေးကောင်းတယ်လို့ထင်တယ်..ဝမ်ချွမ်..ငါဒီနေရာမှာ နေမယ်"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now