*80* သားပထွေးမလိုချင်ဘူး

9.7K 1.7K 79
                                    

ရုန်ယိ အရင်ဆုံး ပိုင်ယွမ်ချန်ကို ပိလော့ခြံဝန်းထဲကိုခေါ်လာပေးဖို့ ရုန်ဟွမ်ကိုပြောလိုက်သည်။ အင်းကွက်တွေနဲ့ ရှန်းလွီ့အတွက် လုပ်နည်းတွေချရေးပေးပြီးမှသာ ရုန်ယိ သူ့ကိုတွေ့ဖို့သွားလိုက်သည်။

စာရွက်ပေါ်မှာရေးထားတဲ့ လုပ်နည်းကိုကြည့်နေရင်းနဲ့ ရှန်းလွီ့မှာ မျက်ခုံးတွေစုကြုံ့သထက်ကြုံ့လာရသည်။ နောက်ဆုံးမှာတော့ သူမနေနိုင်ဘဲထုတ်ပြောလိုက်တော့သည်။
"ဆရာ့ရဲ့လက်ရေးက တစ်ကယ့်ကိုစုတ်ပြတ်နေတာဘဲ"

ခြောက်နှစ်ကလေးတောင်မှ သူ့ထက်ကောင်းအောင်ရေးနိုင်သေးသည်။

ထိုစာလုံးတွေကိုအချိန်အတော်ကြာအောင် ဖတ်ရှုနေပါသော်လည်း ဒါဘာတွေရေးထားတာလဲဆိုတာ သူလုံးဝမဖတ်နိုင်သေးပေ။ သူ့မှာ ရှေ့ကစာလုံးနဲ့ နောက်ကစာလုံးကိုခန့်မှန်းကြည့်ပြီး ဘာပါဝင်ပစ္စည်းတွေလဲဆိုတာ ခန့်မှန်းဖို့ဘဲတတ်နိုင်တော့သည်။
အာ...ရုန်ယိရဲ့တပည့်ဖြစ်ရတာလည်း မလွယ်ကူနေပေ..သူ့မှာ စူးရှတဲ့မျက်လုံးတစ်စုံပိုင်ဆိုင်ထားဖို့လိုလေသည်။

ပုချီက ထိုကြက်လက်သည်းစာလုံးတွေကိုလှမ်းကြည့်ပြီး ပြောလိုက်သည်။
"ကြည့်ရတာ ဆရာက စာခဏခဏမရေးဖြစ်ဘူးထင်တယ်..သူစုတ်တံကိုင်တဲ့ပုံကလည်းမမှန်ဘူး"

ရှန်းလွီ့ သက်ပြင်းချလိုက်သည်။
"ကျုပ်တို့ဆရာရဲ့လက်လေးတွေက နူးညံ့လွန်းတယ်..နောက်ပိုင်းကျရင် ကျုပ်ဘာသာဘဲ ထုလုပ်နည်းတွေချရေးတာကောင်းပါတယ်လေ"

ပုချီ ရယ်မောလိုက်၏။

"ကျုပ် ဒီပါဝင်ပစ္စည်းတွေကိုသွားပြင်လိုက်ဦးမယ်"
ရှန်းလွီ့ အခန်းထဲကနေထွက်လိုက်တဲ့အခါ ဟက်ဟက်ပက်ပက်ရယ်မောနေသံတွေကိုကြားလိုက်ရသည်။ သူအဆောင်ငယ်လေးဘက်ကိုလှမ်းကြည့်လိုက်တဲ့အခါ ရုန်ယိက ပိုင်ယွမ်ချန်ရဲ့ရှေ့မှာထိုင်နေပြီး အားရပါးရရယ်မောနေတာကိုတွေ့လိုက်ရ၏။ သူမျက်ခုံးတွေပင့်လိုက်မိသည်။ ရုန်ယိက သူ့ဆရာတူအစ်ကိုကြီးကိုသဘောကျနေတာလို့ သူအရင်ကတည်းကကြားခဲ့ရတာ ...အခုကြည့်ရတာတော့ ဒါကမှန်နေတဲ့ပုံဘဲ..။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now