*81* မင်းကငါ့ကိုရန်စရဲတဲ့ပထမဆုံးလူဘဲ

9.5K 1.7K 46
                                    

ပိုင်ယွမ်ချန်က သူ့ကိုဖြတ်ပြောလိုက်သည်။
"အဓိပ္ပါယ်မရှိတာ!!"

ရုန်ယိ တံခါးဝကယင်ကျင်းရဲ့ကိုတစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် သူ့ပါးစပ်ထောင့်ကစွပ်ပြုတ်ရည်တွေကိုသုတ်ပစ်လိုက်သည်။

ယင်ကျင်းရဲ့က သူ့ဘေးနားမှာဝင်ထိုင်လာပြီး အေးစက်နက်ရှိုင်းနေတဲ့အသံနဲ့ပြောလိုက်သည်။
"ချီလန် မင်းနေတာကနေလို့ရတယ်..ဒါပေမယ့် ဒီအိမ်တော်တစ်ခုလုံးမှာ ပြဿနာလိုက်ရှာနေမယ်ဆိုရင်တော့..ငါမယဥ်ကျေးနိုင်တော့ရင် အပြစ်မတင်နဲ့"

"ဆရာတူညီလေး..မင်းပြောင်းလဲသွားတယ်..အရင်က ငါဘာလုပ်လုပ် မင်းက ငါ့နောက်မှာဘာမှမပြောဘဲ ငါ့ဘက်ကနေပေးခဲ့တာ..ဒါပေမဲ့ သူရောက်လာကတည်းကမင်းပြောင်းလဲသွားတယ်..အမြဲတမ်း သူ့အတွက်ပြောပေးပြီး သူ့ကိုကာကွယ်ပေးတယ်..ဒါပေမဲ့ သူကနည်းနည်းလေးတောင် အသိအမှတ်ပြုလို့လား..သူ့နှလုံးသားထဲမှာ သူ့ဆရာတူအစ်ကိုကြီးဘဲရှိတာ..မင်းအတွက်နေရာမရှိဘူး.."
ချီလန်က ဝမ်းနည်းစွာပြောလာသည်။ ဒါပေမဲ့ နောက်တစ်စက္ကန့်မှာဘဲ သူကပြုံးပြီးယင်ကျင်းရဲ့ကိုကြည့်လိုက်သည်။
"ဒါပေမဲ့ မင်းငါ့ကိုကောင်းကောင်းမွန်မွန်ပြုမူစေချင်ရင် အခြေအနေတစ်ခုတော့ရှိတယ်..ဓားနဲ့ ရုန်ယိဗိုက်ကိုခွဲထုတ်ပြီးကလေးကိုဆွဲထုတ်လိုက် ပြီးရင် ငါနဲ့လက်ထပ်လိုက်လေ"

ခန်းမထဲက လူအားလုံး ပင့်သက်ရှိုက်လိုက်မိကြသည်။ ချီလန်က အရမ်းနှလုံးသားကင်းမဲ့တာဘဲ..သူက မမွေးသေးတဲ့ကလေးကိုတောင်အလွတ်မပေးဘူး..။

ပိုင်ယွမ်ချန်  "......"

ဒီလူက ရူးနေတာဘဲ!...

ရုန်ယိ သူဘာတွေးနေလဲဆိုတာ ဘယ်သူမှမတွေ့နိုင်အောင်လို့ မျက်လွှာချလိုက်သည်။

ယင်ကျင်းရဲ့ မျက်လုံးတွေမှေးကျဥ်းကာသူ့ကိုစိုက်ကြည့်လိုက်သည်။ ထို့နောက် ပြင်းထန်လွန်းတဲ့ဝိညာဥ်စွမ်းအားတွေက ချီလန်ကိုဝိုင်းရံလာတော့သည်။

ချီလန်က ယင်ကျင်းရဲ့ကို ပြုံးရင်းပြန်ကြည့်နေသည်။ ဒါပေမဲ့ တဖြေးဖြေးနဲ့ သူ့အပြုံးကပုံမှန်မဟုတ်သလိုမျိုးဖြစ်လာပြီး သူ့နဖူးပေါ်ကနေ ချွေးအေးတွေထွက်လာတော့၏။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now