*82* သူတစ်ကယ်ဒီလိုစကားတွေပြောရဲတဲ့သတ္တိရှိတာဘဲ

9.4K 1.7K 88
                                    

ရုန်ယိကတော့ ပြန်နောက်လိုက်သည်။
" ပထမဆုံးသူဖြစ်ရတာ ဂုဏ်ယူစရာပါဘဲ...ဒါပေမဲ့ တစ်ချိန်တည်းမှာဘဲ ဒါက ခင်ဗျားရဲ့ဂုဏ်သိက္ခာ ၊ ခင်ဗျားရဲ့မြင့်မားလှတဲ့ကျင့်ကြံဆင့် ၊ ခင်ဗျားရဲ့သန်မာလှတဲ့ဝိညာဥ်စွမ်းအား ၊ ခင်ဗျားရဲ့ဆန္ဒတွေ ၊ ခင်ဗျားရဲ့ကျိုးကြောင်းမညီညွတ်တာတွေက ကျွန်တော့်ရဲ့မျက်လုံးထဲမှာတော့ ဘာမှမဟုတ်ဘူးလို့ပြောနေတာဘဲ"

ထို့နောက် သူ့ဓားကိုလွှဲရမ်းကာ ချီလန်ရဲ့လက်ခုံကိုပြတ်ရှသွားစေလိုက်သည်။ ဒီလူက တစ်ခြားသူတွေကိုဘယ်လိုရန်စရမလဲဆိုတာ တစ်ကယ်သိတာဘဲ..ချီလန် သူ့လက်ခုံကိုတစ်ချက်ကြည့်လိုက်ပြီးနောက် သူ့ဓားနဲ့ပြန်တိုက်ခိုက်လိုက်သည်။

သန့်ရှင်းရေးလုပ်နေကြတဲ့အစေခံတွေကလည်း ချီလန်နဲ့ ရုန်ယိတို့ဓားသိုင်းပြိုင်နေကြတာကိုလာကြည့်ကြလေသည်။ မကြာခင်မှာဘဲ ခေါင်မိုးတွေနဲ့နံရံတွေပေါ်မှာ လူတွေပြည့်နှက်သွားကြတော့၏။

ရှန်းလွီ့နဲ့ပုချီတို့လည်း ရောက်လာကြသည်။

ယင်ဖုန်းက အခန်းထဲကနေပျံထွက်လာပြီး နှာခေါင်းရှုံ့လိုက်သည်။
"သူ့ကိုယ်သူ ဘာလုပ်နေတယ်ဆိုတာရောသိသေးရဲ့လား..မဟာယာနအဆင့်က ကျင့်ကြံသူကိုတောင်သွားပြီး ရန်စရဲသေးတယ်"

"သူသေသွားတော့ပိုမကောင်းဘူးလား..ငါတို့ဒီကနေထွက်သွားလို့ရတာပေါ့"
လန်လျှို့ကပြောလာသည်။
"ဒါပေမဲ့ ဒီနေရာကဝိညာဥ်ချီတွေကိုတော့ ငါလွမ်းနေမိတော့မှာဘဲ"

ဒီမှာ ရက်အနည်းငယ်နေခဲ့ပြီးနောက် ဒီနေရာကဝိညာဥ်ချီတွေက သန့်စင်တယ်ဆိုတာ သူသိခဲ့ရသည်။ သူတို့အမြဲတမ်းစုပ်ယူနေကြတဲ့ နေစွမ်းအင်နဲ့လစွမ်းအင်တွေတောင်မှ ဒီနေရာမှာပိုပြီးသိပ်သည်းကြတာကြောင့် သူတို့ကျင့်ကြံနှုန်းကို အတော်လေးတိုးတက်လာစေသည်။

"....."
ယင်ဖုန်းလည်း ဒီနေရာကနေထွက်မသွားချင်ပေ။ ဘာလို့လဲဆိုတော့ အကယ်၍ သူတို့သာဒီနေရာမှာဆက်ကျင့်ကြံခဲ့ရင် မကြာခင်မှာဘဲ အသွင်ပြောင်းလဲမှုအဆင့်ကို တက်ရောက်နိုင်မှာဖြစ်လေသည်။ မိစ္ဆာသားရဲလေးတစ်ကောင်အတွက်တော့ အသွင်ပြောင်းလဲနိုင်ဖို့ဆိုတာ သူတို့အတွက်အရမ်းအဖိုးတန်တဲ့အခွင့်အရေးတစ်ခုဘဲဖြစ်၏။ မိုးကြိုးစမ်းသပ်ချက်တစ်ခုဆီတိုင်းက သူတို့အတွက်တော့ ငရဲကိုသွားနေရသလိုဘဲဖြစ်လေသည်။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now