အပိုင်း(1)

121 7 0
                                    

မိုးနှင်းဆီ ကား​ပေါ်ကဆင်းလိုက်သည်နှင့်
မီဒီယာသမားများနှင့် ပရိတ်သတ်များအကြား
ပွဲဆူသွား​တော့သည်။
ကင်မရာသံ တဖျက်ဖျက်ဟာလဲ
ဟိုတယ်lobby ထဲ​ရောက်သည်အထိ
တစ်စက်​လေးမျှ တိတ်မသွား။
သာမာန်အချိန်ဆိုရင်
မီဒီယာ​တွေရဲ့​မေးခွန်း​တွေ​​​ဖြေပြီး
ဓါတ်ပုံအရိုက်ခံ​လေ့ရှိ​ပေမယ့်
အခု​တော့ ​မောင်ပါရှိ​နေတာ​ကြောင့်
ဘိုကင်ယူထားသော
အခန်းဆီသို့သာ ဦးတည်သွားဖြစ်သည်။

"​မောင် အဆင်​ပြေရဲ့လား"
မိုးနှင်းဆီ ​​​မောင့်အားမချင့်မရဲ​မေးလိုက်သည်။

"အင်း ​ပြေတယ်"

private ဆန်ဆန်​နေရတာကိုသာကြိုက်တဲ့​မောင့်ကို
တခါတ​လေ​တော့ နားလည်ရခက်သည်။
ကိုယ်တိုင်က နိုင်ငံ​တော်​တော်များများမှာ
နာမည်ရ​နေတဲ့ ​မင်းသမီးတစ်​ယောက်ဖြစ်သည့်အ​လျောက် ​အောင်မြင်မှုကိုနှစ်သက်သည်။
ဒီ့ထက်ပိုပြီး ​အောင်မြင်​အောင်လဲ လုပ်ချင်​သေးသည်။ ​မောင်က​တော့ အဲ့လိုမဟုတ်။
​စတွဲကတည်းက နှစ်​ယောက်တူတူအင်တာဗျူး​​ဖြေဖို့
​ပြောထားတာကို အခုထိလက်မခံ​သေး​ပေ။
ဓါတ်ပုံရိုက်ရတာ​တောင် မုန်းသည့်​မောင့်ကို
မိုးနှင်းဆီလဲ ထပ်မ​တောင်းဆိုချင်​တော့။
အခု မင်္ဂလာပွဲကိုလဲ မီဒီယာတွေမပါဘဲ
အကျဥ်းချုံးသာလုပ်ချင်တဲ့ မောင့်ဆန္ဒကို
လက်မခံချင်ပေမယ့်လဲ မလွန်ဆန်နိုင်ခဲ့။

"ဟယ် သတို့သမီးလေးကိုကြည့်ပါဦး
ဘာမှမပြင်ရ​​သေးဘဲ​တောင် လှ​နေလိုက်တာ"

မိတ်ကပ်ဆရာ၀င်လာ​တော့မှပဲ
မိုးနှင်းဆီလဲ အ​တွေးနွန်ထဲကလွတ်သည်။

"သတို့သားက
ဟိုဘက်အခန်းကို လိုက်သွား​ပေး​နော်။
အမတို့ ပြင်ပြီး​တော့မှ
​မောင်​လေးရဲ့ သတို့သမီးလှလှ​လေးကို
လာပို့​ပေးမယ်"

"မိုး
ဒါဆို ​မောင်သွားပြီ​နော်"

​နဖူး​ကို ခပ်ဖွဖွ​လေး လာနမ်းတဲ့​မောင့်​ကြောင့်
မိတ်ကပ်ဆရာနဲ့ ဟိုတယ်၀န်ထမ်း​တွေမှာ
ပြုံးစိစိ။

​မောင်က ဒီလိုပါပဲ​လေ။ တို့ကို ကိစ္စအ​သေးမွှား​လေးတွေမှကအစ ဂရုတစိုက်ရှိတာ။
ဒါ​ကြောင့်လဲ
တသက်လုံး သူများကိုပဲအနိုင်ယူလာတဲ့
မိုးနှင်းဆီဆိုတဲ့ မိန်းမက ​မောင့်ကိုဆိုရင်​တော့ မလွန်ဆန်နိုင်​တော့တာ။

​မောင် သိပ်ကိုပြုစားလွန်းတယ်




​မောင်ရယ် ကျွန်မရယ် ​မောင့်​ကောင်​လေးရယ်Where stories live. Discover now