မောင့်ဘက်က
နေ့နေ့ ညညတောင်းပန်ပြီးတဲ့
နောက်မှာတော့
တေဇဘက်က တွေ့ဖို့
သဘောတူလာခဲ့သည်။"တေဇ
မင်း ငါ့ကိုဘာတွေအထင်လွဲနေလဲတော့
ငါမသိဘူး။
ဒါပေမယ့် မင်းသိထားဖို့က
ငါ ကောင်းဆက်ကို ထားခဲ့တာမဟုတ်ဘူး။
အဲ့နေ့က ငါ့အဖေ accident ဖြစ်လို့
ငါ ဆေးရုံကိုလိုက်သွားခဲ့တယ်။
အဖေ သက်သာလာတော့
ငါဆေးပြန်သုံးနေတာကို သိပြီး
ငါ့ကို ဆေးဖြတ်ဖို့ စီစဥ်ပေးခဲ့တာ။
အားလုံးပြီးလို့ ငါပြန်လာတော့
ကောင်းဆက်က မရှိတော့ဘူး။
မင်းကလဲ ငါ့ကိုရုတ်တရတ်ကြီး
မုန်းသွားတယ်။
ငါ တကယ်ကို
ဘာတွေဖြစ်ခဲ့မှန်းမသိခဲ့တာ။""ကောင်းဆက်
ထောင်ကျခဲ့တာ။
မင်းရဲ့ ဆေးတွေနဲ့
စွပ်စွဲခံရတာ။""ဘယ်သူလဲ
ဘယ်သူလုပ်တာတဲ့လဲ""မင်းအဖေ
ဦးသီဟ""ဘာ
မဖြစ်နိုင်တာ""ဟ
မင်းက အခုထိ
မင်းအဖေကို ယုံနေသေးတာပဲကို။
ဒီလိုဆိုရင်တော့ မင်းနဲ့ငါ
ပြောစရာ ဘာအကြောင်းမှမရှိတော့ဘူး။"နေပါဦးကွာ။
ငါ ကောင်းဆက်ကို
တောင်းပန်ချင်တယ်။
မင်း ငါ့ကို ကူညီပေးပါလား"အနည်ထိုင်နေပြီးသား
ဇာတ်လမ်းကိုမှ
တူးဖော်ကြည့်ချင်သူရေ
ဇာတ်ကြောင်းတွေ
တစ်ဖန်ဖြစ်ပေါ်လာမယ့်အချိန်ကိုရော
ပြင်ဆင်ထားရဲ့လား။~ ~ ~ ~ ~
တေဇ ပေးတဲ့လိပ်စာအတိုင်း
မောင်းလာခဲ့သည်။
လူကုန်ထံအသိုင်းအ၀ိုင်းတို့နေထိုင်သည့်
ရပ်ကွက်မဟုတ်သော်ငြား
လူခြေတိတ်နေသည်။ သစ်ပင်များ
စိမ်းစိမ်းစိုစိုနှင့် နှင်းဆီပန်းရနံ့သင်းပျံ့နေသော
အိမ်ရှေ့အရောက်မှာတော့ ထည်ခန့်မောင်ကားကိုရပ်လိုက်သည်။အိမ်လေးမှာတစ်ထပ်တိုက်ပုလေးဖြစ်ပြီး
ခြံ၀န်းမှာတော့ ကားတစ်စီးရပ်စာလောက်သာ
ကျယ်၀န်းသည်။ သို့သော် အိမ်ပိုင်ရှင်၏
အနေအထိုင်သပ်ရပ်မှုကြောင့်လား။
ကျဥ်းပေမယ့် နေချင့်စဖွယ်ဖြစ်နေသည်။
YOU ARE READING
မောင်ရယ် ကျွန်မရယ် မောင့်ကောင်လေးရယ်
Randomအချစ်ဦးလား အချစ်ဆုံးလား သေချာတာကတော့ မင်းမှာ တစ်ယောက်ကိုပဲ ရွေးချယ်ပိုင်ခွင့်ရှိတယ်