အပိုင်း(3)

53 5 0
                                    

ထည်ခန့်​မောင် + မိုးနှင်းဆီ

ခန်းမ​ရှေ့မှာ​ထောင်ထား​တဲ့
နာမည်​လေးတစ်ခုက
ဘာလို့များ ဒီ​လောက်​ဆွေးစရာ​ကောင်း​နေရတာတုန်း။

"သူ တကယ်ကို
လက်ထပ်သွားပြီပဲ"

တချိန်တုန်းက "ခန့် "လို့အ​ခေါ်ခံရရင်
သ​ဘောတကျ ရယ်တတ်တဲ့​ကောင်​လေးက
အခု​တော့ ​"မောင်" ဆိုတဲ့နာမ်စား​လေးမှာ
​မျှော​နေရှာပြီ​ပေါ့။
             
                            ~  ~  ~
လွန်ခဲ့တဲ့ 7နှစ်

၂၈နှစ်အရွယ်ခပ်ဆိုးဆိုး​ကောင်​လေးတစ်​ယောက်။
ပြိုင်ကားတစ်စီးနဲ့ ကမ္ဘာပတ်ဖို့​ခေါ်ခဲ့​လေ​သောလူ။
ရယ်​တော့ ရယ်ရတယ် အတိတ်​တွေက
လက်ရှိနဲ့ အလွန်ခြားနားစွာ
​ပျော်ခဲ့ဖူးပါတယ် သူနဲ့​ပေါ့။

"မင်း ငါ့ကိုအ​ဖြေ​ပေးမှာလား"

"​နေပါဦးဗျာ
ကျွန်​တော် ခင်ဗျားကို​စောင့်ကြည့်ချင်​သေးတယ်"

"မင်းက မူ​နေတာပဲ
မင်းလဲ​ယောက်ျား ငါလဲ​ယောက်ျား
ဘာမှရှက်မ​နေနဲ့"

"ရှက်​နေတာ မဟုတ်ဘူးဗျ။
ခင်ဗျားကိုယ် ခင်ဗျားလဲကြည့်ဦး"

"ဘာဖြစ်လို့လဲ
ငါက အရမ်းလန်း​နေလို့
မင်းက ငါနဲ့တွဲရမှာ အားငယ်​နေတာလား"

(အ​​ဖြေ​တောင်းတာ​တောင်
အ​​ကျောကြီးနဲ့​တောင်းတဲ့
အကျင့်ပုတ်တဲ့လူ)

"​​ ​​​ပြောရဲတယ်​နော်
ကျွန်​တော်​ပြောတာ ခင်ဗျားပုံစံက
လူမိုက်လိုလို ဘာလိုလိုနဲ့ အဲ့တာကို​ပြောတာ"

"စိတ်မပူပါနဲ့ ငါတရားမ၀င်တာ
ဘာမှမလုပ်ပါဘူး။"

"ပြီး​တော့
ကျွန်​တော် မ​​သေချာဘူး
ကျွန်​တော်က gay ဟုတ်မဟုတ်ဆိုတာ"

"​သေချာသွား​အောင်
ဒီလိုလုပ်ကြည့်ရင်​ကော"

ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်လာတဲ့
သူ့လက်​တွေမှာ အားမပါ​ပေမယ့်
မရုန်းနိုင်ခဲ့။
သာမာန်လူနဲ့မတူ
အနက်​ရောင်မဟုတ်တဲ့မျက်လုံး​တွေဟာ
​နေ​ရောင်​အောက်မှာ
ခပ်စိမ်းစိမ်းလေးဖြစ်​နေရဲ့။
နှာတံချွန်ချွန်​လေးက ပါးထဲကိုနှစ်၀င်သွားချိန်မှာတော့

ကန္တာရထဲမှာ အို​အေစစ်​ကို
ရှာ​တွေ့သွားတဲ့ ခံစားချက်မျိုး

သူ့အသက်ရှုသံ​နွေး​နွေးက
​နေရာ​ပြောင်းသွားသလို။
ဘာမှန်းမသိခင်မှာပဲ
မျက်လုံး​တွေကို စုံမှိတ်ချမိသည်။

ထိကပ်သွားတဲ့နှုတ်ခမ်း တစ်စုံဟာ
ဘာလို့ပြုံး​နေခဲ့တာပါလိမ့်။

သူ​လေ သိပ်ရဲလွန်းတယ်။
ချစ်သူ​တွေ​တောင် မဖြစ်သေးပဲနဲ့​လေ။

ခက်ချင်​တော့လဲ
ကျွန်​တော် သိပ်ကြိုက်တဲ့အရာ​လေး​တွေက
အနီ​ရောင်​တွေ ဖြစ်​နေပြန်​ရော။

                              ~  ~   ~

ခန်းမ​ရှေ့မှာ စီထားတဲ့
pre wedding ပုံ​တွေကိုကြည့်ပြီး
ငို​နေတဲ့ ​ကောင်​လေးတစ်​ယောက်

"ဟို​လေ
ဒီက ဘာလို့ငို​နေတာလဲ"

ဇီဇ၀ါကို ​တွေ့လိုက်သည်ကို
လန့်သွားဟန်ရှိ​သော
​ကောင်​လေးက မျက်ရည်​တွေကို
လက်ခုံဖြင့် ဖိသုတ်ရင်း
ပြုံးပြ​လေသည်။

"ဟို ..ဟို
ကျွန်​တော်က မိုးနှင်းဆီရဲ့ ပရိတ်သတ်ပါ"

"ဪ...​အေး​အေး
ပရိတ်သတ်ဆို​တော့လဲ ကိုယ့်idolကိုနှ​မြောမှာ​ပေါ့"

"ဟုတ်..ဟုတ်တယ်ဗျ။
ကျွန်​တော့်ကို ခွင့်ပြုပါဦး"

မုသား​တွေလဲ သုံးမိပြန်ပြီ ခန့်ရယ်...





​မောင်ရယ် ကျွန်မရယ် ​မောင့်​ကောင်​လေးရယ်Where stories live. Discover now