*84* ဘောင်းဘီချွတ်ပြီးသေးပေါက်ဖို့

10.4K 1.7K 74
                                    

သူ သင်္ချိုင်းဂူကိုသွားမယ်ဆိုတာကြားလိုက်တာနဲ့ ရုန်ယိမှာ အရိုးရသွားတဲ့ခွေးပေါက်လေးလို မျက်လုံးတွေတလက်လက်ဖြစ်သွားရသည်။

အရင်တုန်းက ရုန်မိသားစုကနေပြီး သင်္ချိုင်းတစ်ခုခု ဒါမှမဟုတ် လျှို့ဝှက်နယ်မြေတစ်ခုရှာတွေ့တဲ့အခါတိုင်းမှာ မသေမျိုးပြောင်းလဲမှုအဆင့်နဲ့အထက်တွေသာဝင်ခွင့်ရလေသည်။ သူတို့လိုအငယ်လေးတွေကတော့ အပြင်ဘက်ကနေသာ ကာကွယ်ပေးရတာတွေ သူတို့တွေ ထိုနေရာတွေအတွင်းမှာဘယ်လိုဖြတ်သန်းသွားခဲ့ကြတယ် ပါဝင်ပစ္စည်းတွေနဲ့ တစ်ခြားအသုံးဝင်တဲ့ပစ္စည်းတွေကိုဘယ်လိုရှာတွေ့ခဲ့ကြတယ်ဆိုတာတွေကိုသာ ဗွီဒီယိုတွေကနေတစ်ဆင့်သာကြည့်ရှုကြရလေသည်။ ဒါကြောင့် သူ့အသက်နှစ်ဆယ်လုံးလုံးမှာ သေးငယ်တဲ့နေရာလေးတွေကိုသာ ဝင်ခဲ့ဖူးလေသည်။

ယင်ထောင်ကလည်း ဒါကပျော်စရာကောင်းတဲ့နေရာလို့ထင်တာကြောင့် မျက်လုံးလေးတွေတောက်ပလာ၏။

ထိုသားအဖနှစ်ယောက်ရဲ့ ကြီးမားတောက်ပနေတဲ့ အကြည့်နှစ်စုံရဲ့ စိုက်ကြည့်နေတာခံရတာကြောင့် ယင်ကျင်းရဲ့ သူ့အကြည့်တွေကိုအမြန်လွှဲပစ်လိုက်သည်။ မေးကြည့်စရာမလိုဘဲနဲ့တောင် သူတို့ရဲ့အတွေးတွေကိုသူဖတ်ကြည့်နိုင်လေသည်။
'သွားချင်တယ်..သွားချင်တယ်..သွားချင်တယ်..သွားချင်တယ်..' ဆိုပြီး..။

ရှင်းဟယ်လည်း သူ့ပါးစပ်သူအုပ်ပြီး ခိုးရယ်လိုက်မိသည်။ သူတို့က တစ်ကယ့်ကိုသားအဖတွေဘဲ..လုပ်နေတဲ့အမူအယာတွေတောင်မှ တစ်ပုံစံတည်းတူညီနေကြလေ၏။

ယင်ကျင်းရဲ့ ရှင်းဟယ်ကိုပြောလိုက်သည်။
"မင်းသွားပြီး စီစဥ်ထားလိုက်တော့..သူတို့နှစ်ယောက်စလုံးအိပ်သွားတော့မှ ငါတို့စထွက်မယ်"

ရှင်းဟယ် ပြုံးကာပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့"

ရုန်ယိ ယင်ကျင်းရဲ့ရဲ့လက်ကို အမြန်ဖမ်းဆွဲကိုင်လိုက်ကာ
"ကလေးတွေအဖေ..ကျွန်တော်လည်းလိုက်ချင်တယ်"

ယင်ထောင်ကလည်း ယင်ကျင်းရဲ့ဘေးကပ်ရပ်ကထိုင်ခုံပေါ်တက်လာပြီး သူ့လက်ကိုလာဆွဲကိုင်လေသည်။
်"အဖေ..သားလည်းလိုက်ချင်တယ်"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now