Chapter 1 : Change

393 40 0
                                    

Unicode

မျက်ခွံတွေက လေးလွန်းနေတယ်…… ပေါင်ချိန်တစ်ထောင်နဲ့ ဖိထားသလိုမျိုး ဖွင့်ရခက်ခဲနေသည်။

ဟဲ့လန်ကျစ် အိပ်မက်မက်နေစဉ်ကြားထဲမှာ မျက်စိဖွင့်ရတာက ဒီလောက်ခက်ခဲတဲ့အလုပ်ဆိုတာကို ဘယ်တုန်းကမှ မသိခဲ့ပေ။ နူးညံ့ပြီးလှပသောယောင်္ကျားလေး၏အသံကို မကြားခင်အထိ သူ၏အနက်ရောင်မျက်လုံးနှစ်လုံးကို တွန့်ဆုတ်စွာ ဖွင့်လိုက်မိသည်။

လေထုထဲမှာ ဆာလဖာရနံ့တွေနဲ့ အဆုံးမဲ့မီးခိုရောင် ကောင်းကင်ကြီးကို တွေ့လိုက်ရသည်။

သူဘယ်အချိန်က အပြင်ကို သွားလိုက်တာလဲ……?

ဟဲ့လန်ကျစ် မူးနောက်နောက်ဖြစ်နေသော သူ့ခေါင်းကို ခပ်ဖွဖွထောင်လိုက်ရာ ရေစီးသံက သူ့နားထဲသို့ ဝင်ရောက်လာသည်။

ကျောက်ဆောင်များအောက်တွင် နူးညံ့သောအမျိုးသားအသံ ထွက်ပေါ်လာသည်။
“နိုးလာပြီလား”

ဟဲ့လန်ကျစ် ခေါင်းညိတ်လိုက်ပြီး သူ့ပတ်ဝန်းကျင်ကို ကြည့်ကာ သက်ပြင်းတစ်ချက်ချလိုက်သည်။

အာ….. သူရေပူစမ်းမှာ ရေစိမ်နေတဲ့ပုံပဲ။

……

…………အားလုံးမှားနေပြီ။

တဆိတ် ဒါနဲ့သူကရေပူစမ်းမှာ ရေစိမ်နေတယ်!!

ဒါက ဘယ်လိုအခြေအနေလဲ!!

သူကအိမ်မှာ တစ်ရေးတစ်မော အိပ်နေတာပါ၊ ဘယ်တုန်းက အပြင်ဘက်ကရေပူစမ်းကို ပြန်ပေးဆွဲခံခဲ့ရတာလဲ?

မှင်တေသွားတဲ့မျက်ဝန်းတွေနဲ့ ဟဲ့လန်ကျစ်၏မျက်နှာ၌ ခံစားချက်အမူအရာတို့ကင်းမဲ့သွားသည်။
“ငါဘယ်သူလဲ ဘယ်ရောက်နေတာလဲ ဘာလုပ်ရမလဲ”

အင်း၊ သူနိုးလာပုံက မမှန်တာဖြစ်ရမယ်။

ဟဲ့လန်ကျစ်က သူ့ရှေ့ရှိ ထူးဆန်းသောမြင်ကွင်းကို လျစ်လျူရှုရန် ဆုံးဖြတ်လိုက်ပြီး မျက်လုံးမှိတ်ကာ နောက်ထပ် ငါးမိနစ်ခန့် အိပ်လိုက်သည်။

သူ့မျက်လုံးတွေကို ပြန်ဖွင့်ကြည့်လိုက်တော့ သူရင်းနှီးတဲ့ ခေတ်မီရိုးရှင်းတဲ့ မျက်နှာကြက်အလင်းရောင်ကိုမတွေ့ရဘဲ ဘေးပတ်ဝန်းကျင်ရှုခင်းတွေကို မမြင်နိုင်လုနီးပါး ဖြစ်နေသည့် မြူဆိုင်းနေသော မြူခိုးများကိုသာ တွေ့ရပြီး လူငယ်လေးတစ်ယောက်က သူ့ကိုလှမ်းခေါ်နေသည်။

Your Majesty, You Can't ⟨皇上,万万不可!⟩[MM Translation]Where stories live. Discover now