Chapter 2 : The Rich Are Really Capricious

196 35 3
                                    

Unicode

ကူးပြောင်းခြင်း၏ အဖြစ်မှန်ကို ဝမ်းနည်းစွာ လက်ခံပြီးနောက် ဟဲ့လန်ကျစ် ပိုးသားအိပ်ရာပေါ်တွင် လှဲနေရာမှ မျက်လုံးဗလာဖြင့် ကုတင်ထိပ်ကို စိုက်ကြည့်နေ၏။

သူ ဝမ်းနည်းပူဆွေး နေမိသည်။

နည်းပညာခေတ်က သူ ချန်ရစ်ခဲ့ရတဲ့ အဲကွန်း ကွန်ပျူတာနဲ့ မိုဘိုင်းလ်ဖုန်း။ သွားလာရလွယ်ကူပြီး ရိုးရှင်းလှတဲ့ ခေတ်ဆန်လှတဲ့နေ့ရက်တွေ မအိပ်ခင် ၁၈နှစ်အထက်တားမြစ်ချက် BL manga လေးတွေ ဖတ်ခဲ့ရတာကို တသသနဲ့ ပူဆွေးနေသည်။

သနားစရာ porn manga လေး၊ သူ့ဆရာလာမချောင်းကြည့်ခင်အထိ ဖုန်တက်လာမှာကို စောင့်ရင်း စားပွဲပေါ်မှာပဲ အမြဲတမ်းရှိနေတော့မှာ။

စာရေးဆရာတစ်ယောက်၏ ပိုင်ဆိုင်မှုကဲ့သို့ ဟဲ့လန်ကျစ် ဝမ်းနည်းစွာ ရေရွတ်လိုက်သည်။
“အား ငါ့ရဲ့comicတွေ! အိုင်းယား ငါ့ရဲ့ ဆယ့်သုံးမျိုးအရသာရှိတဲ့ကျောက်ပုစွန်လေး!  အား…… နာကျင်မှုတွေ နာကျင်မှုတွေ နာကျင်မှုတွေ အနာကိုက်တယ် ဝူ ဝူ*”
(T/N : Wu Wu = အော်ငိုသံ)

အပြစ်အနာအဆာတွေနဲ့ပြည့်နေတဲ့ ဝန်ကြီးချုပ်အဖြစ် ကူးပြောငါးဖို့ သူ့အရင်ဘဝက ဘယ်လိုမကောင်းမှုမျိုးတွေ လုပ်ခဲ့လဲဆိုတာ သူတကယ်မေးလိုက်ချင်တော့တယ်။ မစ္စတာလုရွှင်းရဲ့ စကားကို နည်းနည်းပါးပါး ရေရွတ်နေရုံနဲ့တောင် သူ့လျှာကို ကိုက်မိနိုင်တယ်။ တကယ့်မျက်ရည်တွေ ထွက်လာတဲ့အထိ နာကျင်စေပြီး သူ့ကို bl စာအုပ်တွေထဲက အားနည်းတဲ့ shou နဲ့တူအောင် လုပ်နေသလိုပဲ။

ဧကရာဇ်က ဝန်ကြီးချုပ်၏အိမ်တော်သို့ ရောက်လာရန် လေးနာရီ‌လောက်တောင် မကျန်တော့သည်ကို တွေးရင်း ဟဲ့လန်ကျစ် ကုတင်ပေါ်၌လှဲရင်း ငိုကြွေးရန် မလုပ်‌ရဲတော့ဘဲ ထကာ သူ၏လက်ရှိအခြေအနေကို ဖော်ထုတ်နိုင်ခဲ့သည်။

ပထမဦးစွာ နားလည်လိုက်တာက သန်းနှင့်ချီသော လူထောင်ပေါင်းများစွာထဲမှ သူက ဝန်ကြီးချုပ်တစ်ဦးအဖြစ် ကူးပြောင်းခဲ့သည်။ ဤအနေအထားနောက်ခံဖြင့် တစ်ယောက်ယောက်က ရှေးခေတ်မှာ သက်တောင့်သက်သာဘဝဖြင့် နေချင်လျှင် ဘာပြဿနာမှမရှိပေ။

Your Majesty, You Can't ⟨皇上,万万不可!⟩[MM Translation]Wo Geschichten leben. Entdecke jetzt