*85* ဖုတ်ကောင်လေး

9.3K 1.7K 44
                                    

ရှင်းဟယ်က ပတ်ဝန်းကျင်မှာ ထောင်ချောက်တွေဘာတွေရှိနေလားသိရအောင် အရင်လိုက်ကြည့်လိုက်ပြီး လမ်းကြောင်းထဲကို မှော်လက်နက်တစ်ခုပစ်ထည့်လိုက်သည်။

မှော်လက်နက်က လမ်းကြောင်းတစ်လျှောက် အဆုံးထိပျံသန်းသွားပြီးမှ ပြန်ရောက်လာသည်။ ဘာမူမမှန်တာမှမတွေ့ရတာကြောင့် လူတိုင်းအထဲကိုလျှောက်ဝင်သွားကြတော့၏။

လမ်းကြောင်းတစ်လျှောက်က နံရံနှစ်ဖက်မှာတော့ ငရဲတမန်တွေလိုမျိုး ကြမ်းတမ်းခက်ထန်ပြီးကြောက်စရာကောင်းတဲ့ရုပ်ထုတွေရှိနေကာ အကုန်လုံးက တည်ကြည်ပြီးခက်ထန်နေကြတဲ့မျက်နှာထားတွေနဲ့ဖြစ်သည်။

ရုန်ယိ ထိုကျောက်တုံးရုပ်ထုတွေကိုထိကြည့်ချင်ပေမဲ့ ထောင်ချောက်တွေကိုသွားထိလိုက်မိမှာတော့ကြောက်လေသည်။ ဒါကြောင့် သူ့သိချင်စိတ်ကိုသာထိန်းချုပ်ပြီး သူတို့နောက်ကနေလိုက်သွားရတော့သည်။

လမ်းကြောင်းရဲ့အဆုံးမှာတော့ ကျယ်ဝန်းလှတဲ့မြေပြန့်ကြီးရှိပြီး မျက်နှာချင်းဆိုင်မှာတော့ ရှေးကျပြီး လက်ရာမြောက်လွန်းလှတဲ့ ဂိတ်ပေါက်ဝကြီးတစ်ခုရှိနေလေသည်။

"သခင် ဒီဂိတ်ဝက သင်္ချိုင်းဂူရဲ့ဝင်ပေါက်ဖြစ်မယ်"
ရှင်းဟယ်က ပြောလိုက်၏။
"သခင်လေးနဲ့ ယွီပင်းတို့ ဒီနေရာမှာ ကျွန်တော်တို့ကိုစောင့်ပြီးနေခဲ့လိုက်ပါ..နွေဦးငရဲပန်းကိုရှာတွေ့တာနဲ့ ကျွန်တော်တို့်ချက်ချင်းပြန်ထွက်လာခဲ့ပါ့မယ်"

ယွီပင်းက မူလပထမအဆင့်ရောက်နေတဲ့ ကျင့်ကြံသူတစ်ယောက်ဖြစ်လေသည်။ ရှင်းဟယ်အမိန့်ကိုကြားတာနဲ့ သူချက်ချင်း ရုန်ယိဘေးနားကိုသွားရပ်လိုက်သည်။

ရုန်ယိ ခေါင်းငြိမ့်လိုက်သည်။
"ဂရုစိုက်ကြဦး"

ယင်ကျင်းရဲ့ သူ့ရှေ့ကိုလျှောက်လာလိုက်သည်။ ရုန်ယိခါးက ကျောက်စိမ်းပြားကမပျက်စီးသေးတာကိုတွေ့မှ သူတစ်ဖက်လှည့်ကာ ဂိတ်ဝဆီသို့ ရှင်းဟယ်နောက်ကနေလိုက်သွားတော့သည်။

ရှင်းဟယ်က တံခါးကြီးနှစ်ခုကြားမှာ နှစ်ပေလောက်ဟနေတာကိုတွေ့လိုက်ရတာကြောင့် ပြောလိုက်မိသည်။
"တံခါးကပွင့်နေတာလား"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now