*86* ပါးစပ်ပိတ်လိုက်တော့

9.2K 1.8K 137
                                    

"ဘာဖြစ်လို့လဲ"
ယွီပင်း မေးလိုက်၏။

ရုန်ယိ ပြန်မဖြေလိုက်ပေ။ ဘာဘဲဖြစ်ဖြစ် ဒီကိစ္စကသိတဲ့လူနည်းလေ ကောင်းလေဘဲဖြစ်သည်။

သူထင်တာကတော့ ဖုတ်ကောင်လေး သူ့နောက်လိုက်နေရတဲ့အကြောင်းပြချက်က သူက ယင်နာရီ ယင်ရက် ယင်လ ယင်နှစ်မှာမွေးဖွားခဲ့တာကြောင့်ဘဲ ဖြစ်လိမ့်မည်။ သူက ယင်ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားတာကြောင့် တစ္ဆေတွေ မိစ္ဆာမကောင်းဆိုးဝါးအရာတွေကို အလွယ်တကူဆွဲဆောင်နိုင်ပြီး သူတို့တွေရဲ့အာရုံစိုက်မှုကို ဖမ်းစားနိုင်လေသည်။ ဒီကလေးက နူးညံ့တဲ့စိတ်သဘောထားရှိတဲ့ ဖုတ်ကောင်သေးသေးလေးဘဲရှိသေးပြီး သူ့ကိုယ်နံ့ကိုဘဲအာရုံရှိနေတာ ကံကောင်းတယ်လို့ သူခံစားနေရသည်။ မဟုတ်ရင်တော့ ဖုတ်ကောင်တစ်ကောင်က သူ့ကျင့်ကြံရေးတိုးတက်ဖို့အတွက် သေချာပေါက် သူ့ဝိညာဥ်ကိုစုပ်ယူမှာဖြစ်တာကြောင့် သူသေဆုံးပြီးနေလောက်လေပြီ။

"သူ့မှာ ငါ့ကိုထိခိုက်စေဖို့ရည်ရွယ်ချက်မရှိဘူးဆိုတာ ငါပြောနိုင်တယ်"
ရုန်ယိ ပြောလိုက်သည်။

ယွီပင်းလည်း ဖုတ်ကောင်လေးရဲ့မျက်လုံးတွေထဲမှာ သတ်ဖြတ်ရန်ပြုချင်တဲ့အရိပ်အယောင်တွေမတွေ့ရပေ။
"အင်း...အကယ်၍ သူသာသတ်ချင်တယ်ဆိုရင် အခုဘဲလုပ်ပစ်လိုက်ပြီးနေပြီပေါ့"

"သူ ငါ့စကားတစ်ကယ်နားထောင်လားလို့ စမ်းကြည့်လိုက်ဦးမယ်"
ရုန်ယိ ဖုတ်ကောင်လေးကို ပြောလိုက်သည်။
"အခုချက်ချင်း သင်္ချိုင်းဂူထဲကိုပြန်သွားတော့"

ဖုတ်ကောင်လေးက ပျော်ရွှင်စွာ တစ်ဖက်လှည့်ကာ တစ္ဆေဂိုဏ်းရဲ့အနောက်ဘက်က တောင်ကြီးဆီကိုပျံသွားတော့သည်။

ယွီပင်း ဝမ်းမြောက်ဝမ်းသာဖြစ်သွားရသည်။
"သခင်လေး  သူက တစ်ကယ်ဘဲ သခင်လေးစကားနားထောင်တာဘဲ"

ရုန်ယိလည်း အခုမှ သက်ပြင်းချလိုက်နိုင်တော့သည်။
"လာ..ပြန်သွားပြီး ယင်ကျင်းရဲ့နဲ့ တစ်ခြားသူတွေကိုသွားစောင့်ရအောင်"

ဖုတ်ကောင်လေးက လမ်းကြောင်းထဲကို ပြန်ဝင်သွား၏။

ဖုတ်ကောင်လေးကိုတွေ့တဲ့အခါ အခုလေးတင်သူရိုက်တာခံလိုက်ရတဲ့ ယင်ဖုန်းနဲ့လန်လျှို့တို့မှာ ကြားလေးထဲမှာ အမြန်ပုန်းလိုက်ကြသည်။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now