*87* သူ့ကိုမေမေလို့ခေါ်လိုက်

9.8K 1.9K 59
                                    

အနောက်က လက်နက်သန့်စင်တာမှာသုံးတဲ့ အဆင့်မြင့်ပါဝင်ပစ္စည်းအပုံလိုက်ကြီးကိုကြည့်ရင်း ရှင်းဟယ်နဲ့ ယင်ကျင်းရဲ့တို့မှာ ပါးစပ်အဟောင်းသားဖြစ်သွားရသည်။
"ဘာတွေဖြစ်နေတာလဲ!..ဒီပါဝင်ပစ္စည်းတွေကို ဘယ်ကနေရလာတာလဲ!!"

ရုန်ယိ သူတို့ကို ဖုတ်ကောင်လေးအကြောင်း အလုံးစုံကိုပြောပြလိုက်သည်။

ယင်ကျင်းရဲ့မှာ အံ့သြသွားရသည်။
"ကိုယ့်ဝိညာဥ်စွမ်းအားကိုသုံးပြီး ဒီနေရာတစ်ခုလုံးကိုစစ်ဆေးကြည့်ခဲ့တုန်းက ဘယ်ကလေးကိုမှ မတွေ့ခဲ့ရပါဘူး"

"သူက ကစားဖို့အပြင်ကိုထွက်သွားပြီး ခင်ဗျားတို့ အထဲဝင်သွားတဲ့အထိ ပြန်ရောက်မလာသေးတာဖြစ်မယ်..သူက ဘယ်သူ့ကိုမှမသတ်တဲ့ ဖုတ်ကောင် ကလေးလေးဖြစ်နေတာ ကံကောင်းတယ်..မဟုတ်ရင် ကျွန်တော်တို့အကုန်လုံး သေနေလောက်ပြီ"

ရှင်းဟယ်က ယင်ကျင်းရဲ့ကို လှည့်ပတ်နေတဲ့ ဖုတ်ကောင်လေးကို ကြည့်လိုက်ပြီး
"သခင်လေး..သူက ဘာလို့သခင်လေးနောက်ကိုလိုက်နေရတာလဲ..သူက သခင်လေးနဲ့ ဟိုင်ရှန်းမြို့အထိလိုက်ခဲ့မှာလား..ဒါဆို တော်တော်ဒုက္ခများလိမ့်မယ်နော်..သူ့ကို တစ်ယောက်ယောက်သာတွေ့သွားခဲ့ရင် သတ်ရင်သတ် မဟုတ်ရင် မြေမြှုပ်ပစ်လိုက်ကြလိမ့်မယ်"

ရုန်ယိလည်း ဖုတ်ကောင်တစ်ကောင်ကို ပြန်ခေါ်သွားဖို့က သိပ်မသင့်တော်ဘူးလို့ခံစားနေရသည်။
"အင်း..အဲ့တာက.."

သူ စွန့်ပစ်ခံလိုက်ရတော့မယ်လို့ ခံစားမိသွားတာကြောင့် ဖုတ်ကောင်လေးက ရုန်ယိဘေးကိုအမြန်ပျံလာကာ သူရုန်ယိနဲ့မခွဲဘူးလို့ပြောနေသလိုမျိုး သူ့လည်ပင်းကို တင်းကြပ်စွာဖက်တွယ်ထား၏။

"အဟွတ်!!...အဟွတ်!!...လွှတ်ဦး..လွှတ်ဦးလို့  မင်းက ငါ့ကို လည်ပင်းညှစ်သတ်နေတာဘဲ!"
ရုန်ယိ သူ့လက်တွေကိုဆွဲခွာဖို့လုပ်လေ သူက ပိုပြီးတင်းကြပ်စွာဖက်တွယ်ထားလေဖြစ်သည်။ ရုန်ယိမှာ သူ့လည်ပင်းလေးတောင် ကျိုးတော့မယ်လို့ခံစားနေရသည်။
"မင်းငါ့ကို သတ်ဖို့လုပ်နေတာလားဟ!!"

ရှင်းဟယ် မျက်မှောင်ကြုတ်လိုက်ကာ
"သူက ကျွန်တော်တို့ကိုကြောက်နေတဲ့ပုံဘဲ...မဟုတ်သေးဘူး!..သူက သခင်လေး သူ့ကိုစွန့်ပစ်သွားမှာကိုကြောက်နေတာ"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now