*88* အသုံးမကျတဲ့အမှိုက်တွေ

9.5K 1.7K 29
                                    

ရုန်ယိ သူ့ကိုအကြိမ်ပေါင်းများစွာ ပြင်ဆင်ပေးပြီး နောက်ဆုံးမှသာ ဖုတ်ကောင်လေးက သူ့ကို ယင်ကျင်းရဲ့လိုမျိုး ဖေဖေလို့ ခေါ်လာတော့သည်။ ပြီးတော့လည်း သူ့ကို ဦးလေးလို့ခေါ်ပြီး ယင်ကျင်းရဲ့ကို အဖေလို့ခေါ်နေမယ်ဆိုရင်လည်း နည်းနည်းတော့ ထူးဆန်းနေလေသည်။ တစ်ခြားသူတွေက ဖုတ်ကောင်လေးကို ယင်ကျင်းရဲ့က အပြင်ဘက်မှာ တစ်ခြားမိန်းမတစ်ယောက်နဲ့ရခဲ့တဲ့ တရားမဝင်ကလေးလို့ထင်သွားပေလိမ့်မည်။ တစ်ခြားသူတွေနားလည်မှုမလွဲအောင် ဖုတ်ကောင်လေးက သူတို့ရဲ့မွေးစားသားပါလို့ ပြောရန် ဆုံးဖြတ်ထားကြသည်။

သူတို့ မိစ္ဆာမြေရိုင်းဒေသအနီးအနားက မြို့လေးကိုရောက်တဲ့အခါ ဒုတိယနေ့ရဲ့နေ့လည်ပိုင်းကိုတောင်ရောက်နေပြီဖြစ်လေသည်။ ဒါကြောင့် သူတို့တည်းခိုဖို့ တည်းခိုခန်းလေးတစ်ခုကိုအရင်ရှာလိုက်ကြသည်။

ရုန်ယိ အစေခံလေးတစ်ယောက်ကို ဖုတ်ကောင်လေးကို ရေချိုးပေးဖို့ သူ့သွားအဝါတွေကိုတိုက်ပေးဖို့နဲ့ သူ့အတွက် ရုန်ယိဝယ်လာတဲ့ဝတ်စုံအသစ်ကလေးတွေကိုဝတ်ဆင်ပေးခိုင်းလိုက်သည်။ ဝတ်စားပြင်ဆင်ပြီးသွားတဲ့အခါ ဖုတ်ကောင်လေးမှာ ပိုပြီး ချောမောကြည့်ကောင်းလာကာ ကြွယ်ဝချမ်းသာတဲ့မိသားစုကသခင်ငယ်လေးတစ်ယောက်လိုမျိုး ချစ်စရာကောင်းသွားလေသည်။

ဖုတ်ကောင်လေးရဲ့ ပုံမှန်ထက်ဖြူဖျော့နေတဲ့ မျက်နှာလေးနဲ့ ပုံမှန်အရောင်မဟုတ်တဲ့ နှုတ်ခမ်းလေးတွေကိုဖုံးကွယ်ထားနိုင်ဖို့အတွက် မျက်နှာချေတွေဘာတွေဝယ်ကာ လိမ်းပေးလိုက်ပြီး လူတွေနဲ့ပိုတူလာစေရန်အတွက် လက်သည်းဆိုးဆေးနဲ့ လက်သည်းလေးတွေကိုလည်းအရောင်ဆိုးပေးလိုက်သည်။

ဖုတ်ကောင်လေးက သူ့ဝတ်စုံကို အရမ်းသဘောကျနေကာ လေထဲမှာ ပတ်ချာလှည့်ကာ ပျံသန်းနေတော့သည်။

ဒါကိုတွေ့တာနဲ့ ရုန်ယိသူ့ကို ရပ်ခိုင်းလိုက်ပြီး သတိပေးလိုက်သည်။
"လူအုပ်တွေရှိနေတဲ့ နေရာမှာ မင်းဒီလိုမျိုးပျံနေလို့မရဘူး...အိမ်မှာရယ် လူတွေမရှိတဲ့နေရာမှာဘဲ ဒီလိုလုပ်လို့ရမယ်နော်"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now