*89* သူအခုပိုဝလာတာပါ

9.4K 1.8K 34
                                    

ယိအာ!!..ရုန်ယိ မျက်ခုံးတွေပင့်သွားရသည်။
ဒီမိန်းမက သူ့ကိုခေါ်လိုက်တာလား..

ဒီမိန်းမက ဘယ်သူလဲ..သူမက မူလပိုင်ရှင်ကို ယိအာ လို့ခေါ်တယ်ဆိုတော့ သူ့ရဲ့အကြီးအကဲတစ်ယောက်ဖြစ်ရမယ်...

ရုန်ယိနဲ့ ယွီပင်းတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြသည်။

ရန်ချိုးရွှမ်က ခံစားချက်တွေပြည့်လျှမ်းနေတဲ့ပုံနဲ့ ရုန်ယိရှေ့ကိုလျှောက်လာ၏။
"သား ဒီကိုလာပြီး အမေ့ကိုလာတွေ့တာလား"

အမေ!!!

ဘယ်ကိုယ်ရံတော်မှူးတို့တွေမှာ မေးရိုးတွေပြုတ်ကျလုနီးနီးပင်....
ဆိုတော့ ဒီလှပတဲ့လူက သူတို့ခေါင်းဆောင်ရဲ့သားတဲ့လား..

ဖြတ်သွားဖြတ်လာတွေလည်း အံ့သြသွားရ၏။
လီယွိမြို့သခင်မမှာ သားတစ်ယောက်ရှိတာလား..

"အမေ.."
ရုန်ယိက တစ်ခြားသူတွေအားလုံးထက်ကို ပိုပြီးအံ့သြနေလေသည်။ လီယွီမြို့သခင်မ ရန်ချိုးရွှမ်က မူလပိုင်ရှင်ရဲ့အမေတဲ့လား..။

ဒါပေမဲ့ ဒီရန်ချိုးရွှမ်က မိစ္ဆာကျင့်ကြံသူမဟုတ်ဘူးလား..ပုချီက သူတို့ ကျိုရွှီဂိုဏ်းက ရန်ချိုးရွှမ်ရဲ့ဂိုဏ်းနဲ့ အတူယှဥ်တွဲနေလို့မရဘူးလို့ပြောခဲ့တာ အံ့သြစရာမရှိတော့ဘူးဘဲ..တစ်ယောက်က လမ်းမှန်ဂိုဏ်းကဖြစ်ပြီး တစ်ယောက်က မိစ္ဆာကျင့်ကြံသူဖြစ်နေတာ..သေချာပေါက်ကို သူတို့ကအတူရှိနေနိုင်မှာမဟုတ်ပေ..။

သူ့ရဲ့ အမေ လို့ခေါ်တဲ့အသံကိုကြားလိုက်တဲ့အခါမှာ ရန်ချိုးရွှမ်ရဲ့မျက်ဝန်းတွေမှာ နီရဲလာတော့သည်။ သူမက ချက်ချင်း ရုန်ယိကိုပွေ့ဖက်လိုက်ပြီး
"ကောင်းလိုက်တာ...နောက်ဆုံးတော့ မင်းငါ့ကို အမေလို့ပြန်ခေါ်ပြီဘဲ...ဒါ မင်း အမေ့ကိုခွင့်လွှတ်ပေးလိုက်ပြီဆိုတဲ့ အဓိပ္ပာယ်ဘဲမလား.."

သူမက သူမသားကို တစ်ခြားယောက်ျားတစ်ယောက်အတွက် ကလေးမွေးပေးဖို့ပြောလိုက်တဲ့ နှစ်ကစပြီး သားဖြစ်သူက သူမကိုအရိုးထိအောင်မုန်းတီးသွားကာ သူမကိုဘယ်တော့မှမတွေ့တော့ဘူးလို့ပြောခဲ့သည်။ အကယ်၍ သူမ သူ့ရှေ့မှာထပ်ပေါ်လာမယ်ဆိုရင် သူမရှေ့တည့်တည့်မှာ သူ့ကိုယ်သူသတ်သေပစ်မယ်လို့လည်း ခြိမ်းခြောက်ခဲ့၏။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now