*90* ဒီသတင်းကရင်တုန်ပန်းတုန်ဖြစ်စရာကောင်းလိုက်တာ

9.3K 1.8K 263
                                    

ရန်ချိုးရွှမ်က ရုန်ယိလက်ကိုလွှတ်ပေးလိုက်ပြီး သူမဘာသာ အရက်တစ်ခွက်လောင်းထည့်လိုက်ပြီး ဆက်ပြောလာသည်။
"အမေလည်း ကိုယ်တွေ့ကြုံဖူးတာကြောင့် မင်းအခုဘယ်လိုခံစားနေရမလဲသိပါတယ်...အချိန်တိုလေးအတွင်း နောက်တစ်ယောက်ကိုလက်ခံနိုင်မှာမဟုတ်ဘူးဆိုတာလည်းသိတယ်..ဒါပေမဲ့ မင်းရဲ့ ဆရာတူအစ်ကိုကြီးကို ဒီလောက်နှစ်ပေါင်းများစွာသဘောကျခဲ့တာ..မင်းသဘောကျတဲ့သူက မင်းကိုပြန်မကြိုက်တာကိုသိလိုက်ရတာ ဘယ်လောက် သနားစရာကောင်းလဲ မင်းလည်းသိမှာပေါ့..အမေက မင်းကို အမေ့ခြေရာကိုနင်းပြီး ဒီလိုစိတ်မချမ်းမြေ့ရတဲ့ဘဝမှာ မနေစေချင်ဘူး"

ရုန်ယိ အံ့သြသွားရ၏။
"အမေ..အဖေက အမေ့ကို မချစ်ဘူးလို့ပြောချင်တာလား"

ရန်ချိုးရွှမ် ခနဲ့တဲ့တဲ့အပြုံးလေး ပြုံးလိုက်၏။
"သူချစ်တဲ့သူက မင်းဆရာတူအစ်ကိုကြီးရဲ့အဖေ ပိုင်ရှင်းဖေးကိုဘဲ..ငါတို့ဂိုဏ်းနဲ့ ကျိုရွှီဂိုဏ်းနဲ့ မသေမျိုးတွေရဲ့ လျှို့ဝှက်နယ်မြေကို အတူသွားခဲ့တဲ့နှစ်က..မင်းအဖေနဲ့ ငါနဲ့က..ပုံရိပ်ယောင်မန္တန်ထဲ ကျရောက်သွားပြီး သူက ငါ့ကိုပိုင်ရှင်းဖေးလို့ ထင်သွားတာ..နောကျတော့ ငါတို့ မင်းကိုရခဲ့တယ်လေ.."

ရုန်ယိ "....."

"ဒီနှစ်တွေမှာ သူက အဖိုးတန်ပါဝင်ပစ္စည်းတွေရှာနေတယ်လို့ပြောပေမဲ့ တစ်ကယ်တော့ သူက အမြဲတမ်း ပိုင်ယွမ်ချန်ရဲ့အဖေကို ရှာနေတာလေ"
ရန်ချိုးရွှမ် သူမရဲ့ခွက်ကို မော့ချလိုက်ပြီး
"ပြီးတော့ ဒီတစ်သက်လုံး မင်းဆရာတူအစ်ကိုကြီးက မင်းကိုကြိုက်လာဖို့အခွင့်အရေးရှိမှာမဟုတ်ဘူး..ဘာလို့လဲဆိုတော့ သူကြိုက်နေတဲ့သူက မင်းအဖေ ရုန်ဝေ့ယိ မလို့ဘဲ!"

ရုန်ယိ "!!!!!"

ဒီသတင်းက ရင်တုန်ပန်းတုန်ဖြစ်စရာကောင်းလိုက်တာ!!..ပေါက်ကွဲထွက်လုနီးပါးပါဘဲလား..

ဆိုတော့ မူလပိုင်ရှင်ရဲ့အဖေက ပိုင်ယွမ်ချန်ရဲ့အဖေကိုကြိုက်ပြီး..ပိုင်ယွမ်ချန်က မူလပိုင်ရှင်ရဲ့အဖေကို သဘောကျနေတယ်..ဒါပေမဲ့ မူလပိုင်ရှင်ကတော့ ပိုင်ယွမ်ချန်ကို ကြိုက်နေတယ်ပေါ့လေ..အိုးးဟေ့လူတွေရ..အရမ်းအရမ်းကိုရှုပ်ထွေးနေတာပါဘဲလား...

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now