*91* ကလေးတွေအမေ

9.5K 1.8K 90
                                    

သူမသားရဲ့ တုံ့ပြန်မှုကိုသတိပြုမိလိုက်တဲ့အခါ ရန်ချိုးရွှမ် နှာခေါင်းရှုံ့လိုက်ကာ ဆက်ပြီး သွေးဆောင်ဖြားယောင်းနေလိုက်သည်။
"မင်းအိပ်ယာပေါ်မှာ သူ့အောက်ကနေမနေချင်ဘူးလား"

ယောက်ျားတစ်ယောက်ရဲ့အောက်မှာနေရမယ်!!..သူ့မသိစိတ်က သူ့ကို မနေဘူးလို့ပြောနေပေမဲ့..အဲ့လူက ယင်ကျင်းရဲ့လို့တွေးလိုက်မိတဲ့အခါမှာတော့ ဟင့်အင်းလို့ မပြောထွက်နိုင်ဘဲ ထိုတောင့်တင်းကြံ့ခိုင်တဲ့ခန္ဓာကိုယ်ကို သူတစ်ကယ်သွားထိကိုင်ချင်နေမိသည်။

"သူ့ရဲ့ နက်မှောင်ချောမွေ့နေတဲ့ဆံနွယ်တွေကို မထိကိုင်ချင်ဘူးလား..သူ့ရဲ့တောင့်တင်းနေတဲ့ရင်အုပ်တွေ..တင်ပါးတွေကိုရော မကိုင်ချင်ဘူးလား..သူ့အငယ်လေးက မင်းနဲ့ဆက်ယှက်နေတဲ့အခါ ဖြစ်လာမဲ့သူ့အမူအယာကိုရောတွေ့ချင်လား..စိတ်ကူးကြည့်လိုက် သူ့ရဲ့ဆွဲဆောင်မှုရှိတဲ့ပုံရိပ် သြရှနေတဲ့အသံ..သူ့ရဲ့မောဟိုက်နေတဲ့အသံရှရှက မင်းနားထဲကို ဘယ်လိုနက်နက်ရှိုင်းရှိုင်းထိုးဖောက်သွားမလဲ ပုံဖော်ကြည့်လိုက်...သူ့ရဲ့ ကြည့်ကောင်းလွန်းတဲ့ နှုတ်ခမ်းတစ်စုံက မင်းတစ်ကိုယ်လုံးကိုနမ်းရှိုက်နေမဲ့ပုံ သူ့ရဲ့ နူးညံ့ညင်သာတဲ့လက်ရှည်ရှည်သွယ်သွယ်တွေနဲ့ မင်းတစ်ကိုယ်လုံးကို ယုယုယယပွတ်သပ်နေမဲ့ပုံ..စိတ်ကူးကြည့်လိုက်စမ်းပါ..စိတ်လှုပ်ရှားစရာမကောင်းဘူးလား"

သူမစကားတွေကိုနားထောင်ရင်း ရုန်ယိ ထိုတပ်မက်ဖွယ်ကောင်းတဲ့ မြင်ကွင်းကို ပုံဖော်မကြည့်ဘဲမနေနိုင်တော့..။

ရန်ချိုးရွှမ် သူမရဲ့ဆုပ်ကိုင်ထားမှုကိုဖြေလျှော့ပေးလိုက်ပြီး ရုန်ယိလက်ထဲကို ကျော့ရှင်းကောင်းမွန်လှတဲ့ ဝတ်စုံတစ်စုံထည့်ပေးလိုက်သည်။
"ဒါငါပေးလိုက်တာလို့ပြောပြီး သူ့ကို အဝတ်အစားသွားလဲပေးလိုက်...သူရေချိုးပြီးမှ ဝတ်ပေးလိုက်နော်..မင်းပါ သူနဲ့ရေတူတူချိုးလိုက်ရင်တော့ ပိုကောင်းတာပေါ့"

ရုန်ယိ သူ့ကိုယ်သူ သတိပြန်ဝင်လာတဲ့အခါ သူ့ညီလေးက ထောင်မတ်နေပြီဖြစ်ကြောင်း တွေ့ရှိသွားရသည်။

သူ စိတ်ရှုပ်ထွေးသွားရ၏။ သူ့ကိုယ်သူထိန်းချုပ်နိုင်စွမ်းက ဒီလောက်တောင်ဘဲနိမ့်ရသလား..စကားလုံးလေးအနည်းငယ်လောက်နဲ့ သူက ဒီလိုပုံစံဖြစ်သွားခဲ့ရတယ်လို့...

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now