*92* သိရင်ဘာလို့မေးနေသေးလဲ

9.6K 1.6K 57
                                    

ယင်ကျင်းရဲ့က ဘေးဘက်ကိုအနည်းငယ်တိုးလိုက်ကာ ခေါင်းကိုလက်နဲ့ထောက်ပြီး ပြုံးရင်းပြောလာသည်။
"ကလေးတွေအမေ.."

"ကျွန်တော်ကယောက်ျားလေး!..အဲ့လိုမျိုးမခေါ်နဲ့!!"
ထိုဆွဲဆောင်နေတဲ့ မျက်နှာလှလှကို ကြည့်ရင်း ရုန်ယိရဲ့ နှလုံးခုန်နှုန်းက ထပ်မြန်သွားပြန်သည်။ သူချက်ချင်း လက်တစ်ဖက်မြှောက်ကာ ယင်ကျင်းရဲ့ရဲ့မျက်နှာကို ကာထားလိုက်သည်။
"ပြီးတော့ အဲ့လို ကျောချမ်းစရာကောင်းတဲ့အပြုံးကြီးလည်းမပြုံးနဲ့"

"အော်!..."
ယင်ကျင်းရဲ့ မျက်ဝန်းတွေထဲ ရယ်မြူးရိပ်တွေဖြတ်ပြေးသွား၏။
"ကိုယ့်အပြုံးက အဲ့လောက်တောင်ကြောက်ဖို့ကောင်းလို့လား...မင်းရဲ့ နှလုံးခုန်သံတွေတောင် မြန်လာရလောက်အောင်"

သူစကားပြောနေတဲ့အချိန်မှာ သူ့နှုတ်ခမ်းပါးနှစ်ခုက လှုပ်ရှားနေတာကြောင့် ရုန်ယိရဲ့လက်ဖဝါးတင်မက သူ့နှလုံးသားလေးပါ ယားယံလာရတော့သည်။ ရုန်ယိမှာ သူ့လက်ဖဝါးကို မီးစွဲလောင်နေသလိုမျိုး ချက်ချင်းကို ပြန်ရုတ်လိုက်သည်။

သူ့ကိုယ်သူ ကယောင်ချောက်ချားတွေဖြစ်နေတာလို့တောင် ထင်နေမိလေပြီ။ သူက ဘယ်လိုလုပ်ပြီး ယောက်ျားတစ်ယောက်ရဲ့ဆွဲဆောင်တာကိုခံလိုက်ရတာလဲ..သူက ဂေးတွေကို ဒီလောက်မုန်းခဲ့တဲ့ဟာ..အခုအချိန်မှာ သူက ယောက်ျားတစ်ယောက်အပေါ်ခံစားချက်ရှိနေတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ....။

"ကလေးတွေအမေ..ဘာလို့စကားမပြောတာလဲ"
ယင်ကျင်းရဲ့က သူ့နားကပ်လာတာကြောင့် သူအသက်ရှူထုတ်လိုက်တဲ့ ပူနွေးတဲ့လေလေးတွေက သူ့မျက်နှာကိုရိုက်ခတ်နေ၏။

ရုန်ယိရဲ့ နှလုံးသားလေးခမျာမှာတော့ လည်ချောင်းထဲကနေတောင် ခုန်ထွက်လာတော့မလိုပင်။ တစ်ဖက်လူက သူ့ကိုနမ်းခါနီးနေပြီဆိုတာသူတွေ့ပေမဲ့ သူရွံရှာစက်ဆုပ်တာမျိုးမရှိ..အဲ့အစား သူသဘောကျသလိုတောင်ဖြစ်နေသေးသည်။

ယင်ကျင်းရဲ့က နှုတ်ခမ်းလေးတစ်ဖက်ကို ပင့်မလိုက်ကာ
"တစ်ကယ်တော့လည်း မင်းကစကားပြောဖို့မလိုပါဘူး..မင်းရဲ့ပါးစပ်လေးကိုဖွင့်ပေးလိုက်ရုံဘဲ"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now