*93* ဒီကိုအဆူခံဖို့သွားရမှာလား

9K 1.6K 16
                                    

ရန်ချိုးရွှမ်က ရွှေကျူးဟွမ်နဲ့အတူ ကြီးပြင်းလာရသူဖြစ်သည်။ ဒါကြောင့် တစ်ချက်ကြည့်တာနဲ့ သူမ ဘာမကောင်းတဲ့အကြံအစည်ကို လုပ်ချင်နေလဲဆိုတာ သိ၏။ သူမရဲ့ ယင်ကျင်းရဲ့အပေါ်ပြုံးကြည့်နေတဲ့ပုံအရတော့ သေချာပေါက်ကို သူမက ယင်ကျင်းရဲ့ပေါ်ကို တက်ချင်နေတာဘဲ ဖြစ်ရမည်။

သူမတို့ဂိုဏ်းရဲ့ ကျင့်ကြံခြင်းနည်းလမ်းက ထူခြားလှသည်။ သူတို့က ယောက်ျားတွေနဲ့ဆက်ဆံကြပြီး ယောက်ျားတွေရဲ့သုတ်ရည်ကိုသုံးပြီး သူတို့ရဲ့ကျင့်ကြံခြင်းတိုးတက်အောင်လုပ်လေ့ရှိသည်။

ရန်ချိုးရွှမ်က သူမအမေ ယောက်ျားပေါင်းများစွာနဲ့ ဆက်ဆံနေတာကိုတွေ့ခဲ့ဖူးပြီး အဲ့တာကသူမကိုရွံရှာစေတာကြောင့် တစ်ခြားကျင့်ကြံခြင်းနည်းလမ်းကို ခိုးပြီးသင်ကြားခဲ့သည်။ ဒါကြောင့်ဘဲ သူမအမေက သူမကိုသဘောမကျဖြစ်ခဲ့ပြီး သူမက မိသားစုအတွက်အရှက်ရစေတယ်လို့တွေးထင်ခဲ့လေသည်။ ဒါပေမဲ့ နောက်ဆုံးတော့လည်း သူမက သမီးအရင်းဖြစ်နေတာကြောင့် ဒီအတိုင်းသာထားပေးလိုက်ရတော့သည်။ ဒါ့အပြင် ရန်ချိုးရွှမ်က သူ့သားရဲ့လက်ထပ်မှုကြောင့် ယင်မိသားစုနဲ့ဆွေမျိုးတွေဖြစ်လာခဲ့၏။ ဒါကြောင့် ဒီနှစ်တွေမှာ သူမအပေါ် သူမအမေရဲ့သဘောထားက အတော်လေး ကောင်းမွန်လာခဲ့လေသည်။

အမှန်တော့ သူမသားက ယင်မိသားစုနဲ့လက်ထပ်လိုက်ပြီဆိုတာကို ရန်ချိုးရွှမ် မပြောပြချင်ခဲ့ပေ။ ဒါပေမဲ့လည်း သူမသားကိုကာကွယ်ဖို့ သူတို့သာ မကောင်းတဲ့အကြံအစည်တစ်ခုခုကြံစည်ခဲ့လျှင် ဖြစ်လာမဲ့အကျိုးဆက်က သူတို့ခံနိုင်ရည်ရှိမဲ့အရာမျိုးမဟုတ်ဘူးဆိုတာ သိအောင် ဒီအကြောင်းကိုပြောပြဖို့သာရှိခဲ့သည်။

ရန်ချိုးရွှမ် နှုတ်ခမ်းတွေတွန့်ကွေးကာ ပြုံးလိုက်ပြီး
"နင် သိချင်နေမှတော့ ငါမိတ်ဆက်ပေးရမှာပေါ့..ဒါက ငါ့သား ရုန်ယိ..နင်သူ့အကြောင်း ကြားဖူးမှာပါ"

ရွှေကျူးဟွမ်က နှာခေါင်းရှုံ့လိုက်သည်။
"ဒီတော့ သူက နင့်ရဲ့အသုံးမကျတဲ့သားပေါ့!"

ရန်ချိုးရွှမ် သူမဒေါသတွေကိုဖိနှိပ်ကာ ဆက်မိတ်ဆက်ပေးလိုက်သည်။
"ဒါက ငါ့သားရဲ့ကျင့်ကြံဖော်..ငါ့သားမက်ပေါ့ ယင်ကျင်းရဲ့တဲ့..ပြီးတော့ သူ့လက်ထဲက ကလေးလေးက သူတို့ရဲ့သားလေးလေ"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now