Excerpt From Baby Wang's Daily Diary

1.5K 79 2
                                    

ဝမ်ကလေးလေးဒိုင်ယာရီထဲမှ ကောက်နုတ်ဖော်ပြချက်  - ၁

ဒီနေ့ အိမ်ပြောင်းလာခဲ့တယ် ။ ဘေးအိမ်မှာ ကိုကိုတစ်ယောက်ရှိတယ် ။ နှင်းဆီခင်းအသေးလေးဘေးက ရွေ့နေတဲ့ဟာကြီးပေါ်မှာ ထိုင်နေတဲ့ကိုကိုက အကြည့်ချင်းစုံသွားတော့ လှမ်းရယ်ပြတယ် ။ ဘာလို့မှန်းမသိ ၊ မာမားနောက် ဝင်ပုန်းမိတာ ။ ကိုကို စိတ်ဆိုးသွားမလား ။ မနက်ဖြန် မုန့်လိုက်ဝေဖို့ တာဝန်ကိုတော့ မာမားဆီက ရအောင်တောင်းမှ ဖြစ်မယ် ။

-
ဝမ်ကလေးလေးဒိုင်ယာရီထဲမှ ကောက်နုတ်ဖော်ပြချက် - ၂

ကိုကိုက စိတ်မဆိုးဘူး ။ ခြံထဲက နှင်းဆီပန်းတစ်ပွင့်တောင် လက်ဆောင်ပြန်ခူးပေးလိုက်သေးတယ် ။ မာမားကို ပေးပေးဖို့တဲ့ ။ ဒါပေမဲ့ မပေးနိုင်ပါဘူး ။ စာရေးစားပွဲပေါ်က မာမားထားပေးထဲက ပန်းအိုးထဲက ပန်းတွေကို ဖယ်ပြီး ကိုကိုပေးတဲ့နှင်းဆီပန်းလေးကို ထိုးထားလိုက်တယ် ။ အနံ့သင်းသင်းလေးကို အခုစာရေးနေရင်းနဲ့တောင် ရနေသေးတယ် ။ဆရာမ,သင်ပေးထားတာ ဒါကို ဘာအရောင်လို့ခေါ်တာ.. ၊ အာ... အနီ ။ ပန်းအိုးထဲက နှင်းဆီနီနီလေးက ကိုကို့လိုပဲ လှတယ် ။

-
ဝမ်ကလေးလေးဒိုင်ယာရီထဲမှ ကောက်နုတ်ဖော်ပြချက် - ၃

ကိုကိုက မာမားလုပ်ပေးတဲ့ကွက်ကီးတွေက စားလို့ကောင်းတယ်လို့ ပြောတယ် ။ ကိုကိုက အပြုံးချိုချိုလေးတွေနဲ့ စကားပြောတာ ပေါ်ပေါ့်လို မဟုတ်ဘဲ အဖျက်အတောက်မှန်မှန်လေးနဲ့ အသံလေးကလည်း ငှက်သိုက်မုန့်လို နားထဲပျော်ဝင်သွားတာ ၊ ချိုချိုလေး ။ ဒါကြောင့် မာမားက အများကြီးချစ်သွားတာနဲ့ တူတယ် ။ စကားတွေ အများကြီးပြောနေကြရာကနေ နောက်ဆုံးကြ ပေါ်ပေါ့်ကို ကျောင်းတူတူသွားဖို့ လာခေါ်မယ့်တာဝန်က ကိုကို့ခေါင်းပေါ် ကျသွားရော ။ ပြီးတော့ ကိုကိုက ခါတိုင်းလို လှလှလေးရယ်ပြပြီး ခေါင်းအသာပုတ်ပေးလို့ အိမ်စာလုပ်ဖို့ဆိုပြီး ပြန်သွားတယ် ။ ခါတိုင်းလို ပေါ်ပေါ်လို့ မပြောဘဲ ကိုကိုပြောသလို ကျွန်တော်လို့လိုက်ပြောကြည့်တော့ မာမားက မျက်ခုံးတွေ ပင့်ပြီး အံ့သြသွားတယ် ။ ပြီးတော့ ရယ်တော့တာပဲ ။ အခုလည်း အလုပ်ကပြန်လာတဲ့ပါပါးကို ပြောပြရင်း ရယ်နေပြန်ပြီ ။ အကုန်ကြားနေရပါတယ်နော်! မာမားရေ.. ကလေးကို မလှောင်သင့်ပါ!!

Diary of WangWhere stories live. Discover now