Excerpt From Adult Wang's Daily Diary

585 71 4
                                    

အမျိုးသားဝမ်ဒိုင်ယာရီထဲမှ ကောက်နုတ်ဖော်ပြချက် - ၁

ကိုကိုက ကောင်မလေးသုံးယောက်ပြောင်းပြီးတဲ့နောက် အခုတော့ရည်းစားထပ်ထားဖို့ မတွေးတော့ပုံပဲ ။ ငါကတော့ လိင်စိတ်ခံယူချက်နဲ့ ပတ်သက်ပြီး တစ်ခါမှ သေချာမစဥ်းစားခဲ့ဖူးဘူး ။ အခုအရွယ်ထိ မိန်းကလေးတစ်​ယောက်ယောက်ကို ရင်မခုန်ခဲ့ဖူးတာမို့ straight လို့ ယူဆလို့ မရခဲ့ဘူး ။ ဒီလိုဆိုလို့ တစ်ခြားယောကျာ်းလေးတွေအပေါ်ကိုလည်း သာမန်အမြင်ထက် မပိုခဲ့ ။ ကိုကိုတစ်ယောက်ထဲပဲ ၊ ငယ်ငယ်လေးကတည်းက ကိုကို့ကိုပဲ ငေးကြည့်ပြီး ရှင်သန်လာခဲ့လို့ဖြစ်မယ် ။ အဲဒါကြောင့် တစ်ယောက်ယောက်နဲ့ ကြိုးစားကြည့်ပြီး ကိုယ့်ကိုယ်ကိုယ်လည်း ဆန်းစစ်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ် ။ ဘဝမှာ ချစ်ခဲ့မိတဲ့တစ်ဦးတည်းသောသူစိမ်းကိုကိုက ယောကျာ်းလေးတစ်ယောက်မို့ မနက်ဖြန် အမျိုးသားတစ်ယောက်နဲ့ ကြင်ဖက်တွေ့ကြည့်ဖို့ စီစဥ်ထားတယ် ။

-
အမျိုးသားဝမ်ဒိုင်ယာရီထဲမှ ကောက်နုတ်ဖော်ပြချက် - ၂

ဒီနေ့စာသင်ချိန်နှစ်ချိန်ပဲရှိတာမို့ နေ့လည်စာတူတူစားဖို့ပဲ ချိန်းဆိုထားခဲ့တယ် ။ အမျိုးသားA ရွေးထားတဲ့ပတ်ဝန်းကျင်က မယ်ရီဆူးဝတ္ထုတွေထဲက စိတ်ကူးယဥ်ဆန်မှုအပြည့် ထွန်းတောက်နေတဲ့ကော်ဇောနီနဲ့ စားသောက်ဆိုင် ။ တယောသံတွေလည်း ကြားနေရသေးတယ် ။ ကိုယ်တိုင်း suit နဲ့ အမျိုးသားAက ကြည့်လို့ကောင်းပါတယ် ။ ကိုယ်နေဟန်ထား ၊ အပြုအမူလည်း ပြည့်စုံကောင်းမွန်တယ် ။ ဒါပေမဲ့ ဘာမှမခံစားရဘူး ။ အဲဒီအပြင် လေထုကြီးက ကို့ယို့ကားယားဖြစ်နေသလိုပဲ ။ ကော်ဇောနီ ၊ ပိုးသားစားပွဲခင်း ၊ တယောသံနဲ့ ယောကျာ်းနှစ်ယောက် ။ တော်တော်လေး နေရခက်စရာပဲ ။ အဓိက,ကတော့ နှလုံးသားက လှုပ်မလာဘူး ။ အားနာနာနဲ့ ငြင်းဆိုခဲ့ပြီးနောက် အမျိုးသားAက အိမ်လိုက်ပို့ပေးဖို့ ကမ်းလှမ်းလာတယ် ။

ကားပါ,ပါတယ် ။
သူက အဲစကားကိုတောင် မစောင့်ဘဲ ကားသွားယူလာတယ် ။ အာ.. ပိုပြီးအိုးတိုးအမ်းတန်း မဖြစ်စေချင်တော့တာနဲ့ ၊ လိုက်လာခဲ့လိုက်တယ် ။ လမ်းထိပ်အရောက်မှာ သူကပါ ကားပေါ်ကလိုက်ဆင်းလာပြီး ဘာလို့များငြင်းဆိုရတာလဲသိခွင့်ရှိနိုင်မလားလို့ မျက်မှောင်ကြုတ်ပြီး မေးလာတော့ မာနကြီးတဲ့ကြောင်တစ်ကောင်နဲ့တူလို့ ရယ်မိသွားသေးတယ် ။

Diary of WangWhere stories live. Discover now