Xiao Zhan's Baby Wang // 0.3

812 76 2
                                    

Unicode

ရှောင်းကျန့်ရဲ့ကလေးလေးဝမ်

ကိုကိုနဲ့တူတဲ့ကလေးဆို ကျွန်တော်ချစ်မှာပေါ့လို့ ပြောတော့ ရှောင်းကျန့်အဓိပ္ပါယ်မဖော်နိုင်တဲ့အပြုံးတစ်ပွင့်သာ ပေးခဲ့တယ် ။ မဖြစ်နိုင်တော့ပါဘူး ။ ရည်းစားထားဖို့တောင် ဘယ်လောက်ခက်ခဲသလဲ ။ သူ့စိတ်ထဲမယ် အိမ်နီးချင်းညီငယ်လေးနဲ့ပဲ ပြည့်နေခဲ့တာ ။

သေချာတာပေါ့ ။ ရှောင်းကျန့်သိပါတယ် ။ အိမ်နီးချင်းညီငယ်ကလေးဟာ သူဖွင့်ပြောလိုက်လို့ သူ့ကိုရွံ့ရှာသွားမယ့်လူစားမျိုး မဟုတ်ဘူး ။ ဝမ်ရိပေါ်ရဲ့စိတ်ထားဟာ ဘယ်လိုရှင်းသန့်ဖြောင့်မတ်ပြီး ဖြူစင်တယ်ဆိုတာကို ရှောင်းကျန့်အသိဆုံးဖြစ်ပါလိမ့်မယ် ။

ဒါပေမဲ့ အဲဒါက သေချာပေါက်ပြန်ချစ်လိမ့်မယ်လို့တော့ မဆိုလိုဘူးမလား ။ ဒီလိုဆို ရှောင်းကျန့်ကတော့ သူငယ်ငယ်လေးထဲက ဖန်တီးထားခဲ့တဲ့ပုံရိပ်အတိုင်း အိမ်နီးချင်းညီငယ်လေးရဲ့ ပြီးပြည့်စုံနဲ့အစ်ကိုကြီးပဲဆက်ဖြစ်ချင်တယ် ။ အဲလိုပုံရိပ်အနေနဲ့ပဲ ကျန်နေခဲ့ဖို့ကို ရွေးချယ်တယ် ။ အိမ်နီးချင်းညီငယ်လေးကို ကြိတ်ချစ်နေတဲ့ ၊ အိမ်နီးချင်းညီငယ်လေးက ပြန်မချစ်နိုင်လို့ အားနာရတဲ့လူတစ်ယောက်အဖြစ် ဝမ်ရိပေါ်ရဲ့မှတ်ဉာဏ်ထဲမှာ ကျန်ရစ်မနေချင်ဘူး ။

အဲဒါကြောင့် သူ့နားခါတိုင်းလို သိပ်မကပ်တော့တဲ့ဝမ်ရိပေါ်လို ရှောင်းကျန့်လည်း တဖြည်းဖြည်းရှောင်လာမိခဲ့တယ် ။ တဖြည်းဖြည်း ဘဝထဲက ပျောက်ကွယ်သွားတော့ရော ဘာဖြစ်လဲ?

အတိတ်က မှတ်ဉာဏ်တွေကတော့ အမြဲပျော်ရွှင်စရာကောင်းပြီး လှပနေပါလိမ့်မယ် ။

ရှောင်းကျန့် သည်လိုတွေးခဲ့တယ် ။

ဒါပေမဲ့ ဒါဟာ ဝမ်ရိပေါ်ကို တစ်ခြားတစ်ယောက်နဲ့တွဲမမြင်ရခင်အချိန်အထိပါပဲ ။

သူ့အတွက် သိုးမွှေးထိုးအပ်ကို ကိုင်ခဲ့တဲ့ ၊ မရေတွက်နိုင်အောင် စကိတ်မှောက်တိုင်း ပွန်းပဲ့ရာလေးတွေ ရလာတတ်တဲ့ ၊ သူအမြဲတစေ ဆေးလိမ်းပေးခဲ့ရတဲ့ လက်ချောင်းသွယ်သွယ်တွေ တစ်ခြားသူရဲ့လက်ထဲဆုပ်ကိုင်ခံထားရတာ မြင်တော့ ရှောင်းကျန့်အထပ်ထပ်ကာထားခဲ့သမျှ တံတိုင်းတွေအကုန်ပြိုတာပါပဲ ။

You've reached the end of published parts.

⏰ Last updated: Mar 03, 2022 ⏰

Add this story to your Library to get notified about new parts!

Diary of WangWhere stories live. Discover now