*94* နောက်ကွယ်မှာမကောင်းတဲ့အကြံအစည်ရှိရမယ်

8.7K 1.6K 43
                                    

ကိုယ်ရံတော်မိန်းမနှစ်ယောက်ထွက်လာပြီး
"မြို့သခင်မရန်..ကျေးဇူးပြုပြီး ဝင်ပါ!"

ရန်ချိုးရွှမ် စိတ်ထဲကနေ နှာခေါင်းရှုံ့ကာ ရုန်ယိကိုပြောလိုက်သည်။
"ယိအာ..ဝင်ကြရအောင်"

ရုန်ယိ ခေါင်းငြိမ့်ပြကာ ဖုတ်ကောင်လေးရဲ့လက်ကိုဆွဲပြီး ခန်းမထဲကိုဝင်သွားလိုက်သည်။

ခန်းမကြီးတစ်ခုလုံးက ပန်းရောင်လွင်ပြင်ကြီးကဲ့သို့ပင် ထိုင်ခုံပန်းရောင်တွေ...စားပွဲပန်းရောင်တွေ...ဖန်ခွက်ပန်းရောင်တွေ...လိုက်ကာပန်း​ေရာင်တွေနဲ့ အရာအားလုံးက ပန်းရောင်တွေဖြစ်နေပြီး မလုံ့တလုံဝတ်ဆင်ထားကြတဲ့ အစေခံမလေးဆယ်ယောက်က ဘေးနှစ်ဖက်မှာ ခစားလျက်ရှိနေသည်။

ရုန်ယိ ခန်းမအလယ်က သလွန်ပေါ်ကိုလှမ်းကြည့်လိုက်တဲ့အခါ အလွန်အမင်းကိုမှလှပချောမောလွန်းတဲ့မိန်းမတစ်ယောက်က ပျင်းရိပျင်းတွဲပုံနဲ့လှဲလျောင်းလျက်ရှိပြီး သူမရဲ့အဖြူရောင်သားမွှေးယပ်ကို လွှဲခပ်ကာ ယပ်ခပ်နေလေသည်။

ရန်ချိုးရွှမ်က ထိုသလွန်အရှေ့ထိလျှောက်သွားကာ ဂါဝရပြုလိုက်သည်။
"အမေ့ကို နှုတ်ဆက်ပါတယ်"

ရန်ဝူရွှမ်က အနည်းငယ်လေးတောင်မှ မလှုပ်သလို သူတို့ကိုကြည့်ဖို့ မျက်လုံးတောင်မှ ဖွင့်မလာပေ။

ရန်ချိုးရွှမ်က ရုန်ယိကို မျက်ရိပ်ပြလိုက်သည်။

ရုန်ယိလည်း သူမကို နှုတ်ဆက်လိုက်သည်။
"အဘွားရဲ့မြေးကလည်း အဘွားကိုလာရောက်တွေ့ဆုံပါတယ်"

ရန်ဝူရွှမ်က ရုန်ယိကိုပါ ခဏလောက်လျစ်လျူရှုထားချင်ပေမဲ့..ရုန်ယိက ဒီနေ့ပြန်ရတော့မယ်လို့ပြောတာ ပြန်သတိရသွားတာကြောင့် ယပ်ခပ်နေတာကိုရပ်လိုက်ပြီး မျက်လုံးတွေကို ဖြေးညင်းစွာ ဖွင့်ကြည့်လိုက်သည်။
"အင်း"

ရန်ချိုးရွှမ် "......."

ရုန်ယိ "........"

ရန်ဝူရွှမ်က ထထိုင်လိုက်ပြီး ဘေးကအစေခံမလေးက ချက်ချင်းဘဲ သူမမှီဖို့အတွက် နောက်ဘက်မှာ ခေါင်းအုံးလေးတစ်လုံးထားပေးလာ၏။

ထို့နောက် ယပ်တောင်ကိုခပ်ရင်းနဲ့ ဆက်ပြောလာသည်။
"နင်တို့သာ ငါ့ကို အမေတစ်ယောက် အဘွားတစ်ယောက်လို့ သတ်မှတ်ထားသေးရင် ရောက်ပြီးနောက်တစ်နေ့မှာထဲက ငါ့ဆီလာလည်ကြသင့်တယ်..ဒါကို နင်တို့ကရောက်မလာဘဲ ငါ့မြေးနဲ့ ငါ့မြစ်က ဒီကိုရောက်နေတယ်ဆိုတာ တစ်ခြားတစ်ယောင်ပြောမှ ငါ့မှာသိရတာမလို့ လူလွှတ်ပြီးတောင် ဖိတ်ခိုင်းလိုက်ရတယ်..အင်းပေါ့ နင်တို့လည်း အတောင်စုံနေပြီဆိုတော့ ပျံလို့ရနေပြီပေါ့..ငါ့ကို မျက်လုံးထဲထည့်စရာမလိုတော့ဘူး..ဒါ့အပြင် မင်းက တုံထန်းနယ်မြေက ယင်မိသားစုနဲ့လက်ထပ်လိုက်ပြီဆိုတော့ သူတို့ရဲ့အထောက်အပံ့နဲ့သာဆိုရင် မင်းနောက်မှာ တုံထန်းနယ်မြေကြီးတစ်ခုလုံးရှိနေသလိုဘဲဆိုတော့ သေချာပေါက် ငါ့ကိုမျက်လုံးထဲထည့်စရာမလိုတော့ဘူးပေါ့!"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now