*95* ဖေဖေဘယ်မှာလဲ

8.9K 1.6K 10
                                    

ရှီးမော်နန်းတော်ကနေထွက်လာပြီးတာနဲ့ ရန်ချိုးရွှမ်က ရုန်ယိကို ဒီနေရာကနေအမြန်ဆုံးထွက်သွားတော့ဖို့ပြောလိုက်သည်။

"ငါ့ ညာမျက်ခွံတွေဆိုဆိုးဝါးဝါးကိုလှုပ်နေတယ်.."
ရန်ချိုးရွှမ် သူမရဲ့ညာဖက်မျက်လုံးကိုပွတ်သပ်လိုက်သည်။
"ငါ မင်းကို ဒီနေရာကိုလုံးဝခေါ်မလာသင့်ဘူး...ငါ့မသိစိတ်က သူသိသွားပြီလို့ပြောနေတယ်..သူသိသွားလောက်ပြီ"

"သူက ဘာအကြောင်းသိသွားတာလဲ"

"မင်းခန္ဓာကိုယ်အကြောင်းလေ"
ထို့နောက် ရန်ချိုးရွှမ်က အသံပို့လွှတ်ကာပြောလာသည်။
"မင်းက ယင်မိသားစုနဲ့လက်ထပ်လိုက်ပြီးတာမလို့ မင်းကို မီးပြင်းဖိုအဖြစ်မပြောင်းလဲနိုင်တော့ပေမယ့်..မင်းအပေါ် တစ်ခြားမကောင်းတဲ့အကြံအစည်တွေကြံစည်နိုင်သေးတယ်..ပြီးတော့လည်း မကောင်းတာတစ်ခုခုဖြစ်တော့မယ်လို့ ငါသိနေတယ်..ဒီတစ်ကြိမ်တော့ ဒီနေရာကနေ အန္တရာယ်ကင်းကင်းနဲ့ထွက်သွားနိုင်ဖို့ဘဲမျှော်လင့်ရမှာဘဲ"

ရုန်ယိ "......"

ထိုအချိန်မှာ ဖုတ်ကောင်လေးက အနံ့တစ်ခုခုရသွားပြီး လှည်းအပြင်ကိုပျံထွက်သွား၏။

"ကျန်းမု ဘယ်သွားမလို့လဲ"
ရုန်ယိ လိုက်ကာစကိုအမြန်ဖယ်ပြီး ဖုတ်ကောင်လေးအဝေးကြီးကိုပျံထွက်သွားတာများလားလို့ ကြည့်လိုက်တဲ့အခါ ဖုတ်ကောင်လေးက လှည်းမောင်းသမားအပေါ်မှာအနံ့ခံကြည့်နေတာတွေ့လိုက်ရတာကြောင့် ရုန်ယိမေးလိုက်၏။
"မင်းဘာလုပ်နေတာလဲ"

ဖုတ်ကောင်လေးက လှည်းသမားအပေါ်မှာ ဆက်ပြီးအနံ့ခံနေလေသည်။

လှည်းသမားက ပြုံးပြီးမေးလိုက်သည်။
"သခင်ငယ်လေး..ဘာလို့လဲ"

ဖုတ်ကောင်လေးက လှည်းသမားကိုညွှန်ပြလိုက်ပြီး
"မဟုတ်ဘူး..မဟုတ်ဘူး..မဟုတ်ဘူး..."

"ဘာမဟုတ်တာလဲ!"
ရုန်ယိ လှည်းသမားကိုကြည့်လိုက်မိသည်။

"သခင်ငယ်လေးက ကျုပ်ကိုယ်ပေါ်ကနေ မုန့်နံ့အချို့ရသွားလို့ဖြစ်မယ်...သခင်ငယ်လေးကတစ်ကယ်အနံ့ခံကောင်းတာဘဲ...ကျုပ်ဝယ်လာတဲ့ငါးအဆာသွပ်မုန့်နံ့ဖြစ်မယ်..ဒါကနည်းနည်းတော့ညှီပေမဲ့ အရသာတော့တစ်ကယ်ကောင်းတာ"
ထို့နောက် လှည်းသမားက သူ့ဝတ်စုံရင်ဘက်ထဲကနေ မုန့်ထုပ်ကိုထုတ်လိုက်ပြီး ဖုတ်ကောင်လေးကိုလှမ်းပေးလိုက်သည်။
"သခင်ငယ်လေးစိတ်မရှိဘူးဆိုရင်..ကျုပ် ဒါကိုပေးလိုက်ပါ့မယ်"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now