*96* ဒီလူကအရမ်းပါးနပ်တာဘဲ

8.3K 1.5K 43
                                    

ထို့နောက် ရုန်ယိ ပျံသန်းခြင်းအင်းကွက်အနည်းငယ်ထပ်မံရေးထွင်းလိုက်ပြန်၏။  သူ့ဝိညာဥ်စွမ်းအားက အရမ်းအားနည်းနေတာတော့ သနားစရာပင်..အင်းကွက်တွေက သူ့အလေးချိန်ကိုခံနိုင်မှာမဟုတ်ဘဲ သူမြေပြင်ပေါ်ကိုပြုတ်ကျပြီး အစိတ်အစိတ်အမြွှာမြွှာကွဲကြေသွားနိုင်လေသည်။

ခဏလောက်တွန့်ဆုတ်နေပြီးနောက်တော့ သူအင်းကွက်တွေသုံးဖို့ကိုစွန့်လွှတ်လိုက်တော့သည်။ ထို့နောက် သူ့ဘေးနားမှာဝိုင်းပတ်နေကြတဲ့ တစ္ဆေတွေဘက်ကိုလှည့်ပြောလိုက်သည်။
"မင်းတို့ငါ့ကိုအောက်ချပေးရင် အလဲအလှယ်အနေနဲ့ ဒီထက်ပိုကောင်းတဲ့အနံ့ကို ရှူခွင့်ပြုမယ်လေ"

တစ္ဆေတွေက အချင်းချင်းပြန်ကြည့်လိုက်မိကြပြီး
"ဘယ်ဟာကိုလဲ"

ရုန်ယိ မျက်လုံးတစ်ဖက်မှိတ်ပြကာ ပဟေဠိဆန်ဆန်ပြောလိုက်သည်။
"မင်းတို့ငါ့ကိုအရင်အောက်ချပေး..ပြီးရင် ငါမင်းတို့ကိုပြောပြမယ်"

"မင်း ငါတို့ကိုလိမ်ပြောနေတာဟုတ်မဟုတ် ဘယ်လိုလုပ်သိမလဲ"

"မင်းတို့တွေငါ့ကို ဝိုင်းထားကြတဲ့ဟာ..ငါကဘယ်ကိုသွားနိုင်မှာလဲ"

သူ့ဘာသာသစ်ပင်ပေါ်ကနေမဆင်းနိုင်တာကိုတွေ့တာကြောင့် သူတို့ကိုအရူးမလုပ်ရဲလောက်ဘူးဟု တွေးလိုက်သည်။ ဒါကြောင့် သူတို့ရုန်ယိကိုမပြီး မြေပြင်ပေါ်ကို ဖြေးညှင်းစွာနဲ့ ချပေးလိုက်သည်။

ဒီတစ္ဆေတွေက သူ့ကိုယ်ကိုအပိုင်စီးဖို့အတွက် အရမ်းကိုအားနည်းလွန်းနေတာကြောင့် သူ့ကိုယ်သူကံကောင်းတယ်ဟု ရုန်ယိတွေးနေမိသည်။ မဟုတ်ရင် သူတော့ သေနေလောက်ပေပြီ။

"ရပြီ...ငါတို့ကို အရမ်းကောင်းတဲ့အနံ့ပြတော့!"
တစ္ဆေတစ်ကောင်က ပြောလာသည်။

ရုန်ယိ သူ့ဖိနပ်ကိုချွတ်နေရင်းပြန်ဖြေလိုက်သည်။
"မိစ္ဆာဘုံတောအုပ်ထဲကနေထွက်လို့ရမယ့် အနီးဆုံးထွက်ပေါက်ကိုသိကြလား"

"မင်း ကောင်းတဲ့အနံ့ကိုမပေးရသေးဘူး...ဘာကိစ္စငါတို့က မင်းကိုပြောပြရမှာလဲ"

ရုန်ယိ မျက်ဆံလှန်လိုက်ကာ ခြေအိတ်တွေဆွဲချွတ်လိုက်သည်။
"လာ..ဒီမှာလေ..အနံ့ရှူကြည့်ကြ"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now