*98* ငါကအလှဆုံး

9.4K 1.7K 146
                                    

ရုန်ယိ အတော်လေးထိတ်လန့်သွားရသည်။ အမြန်လှည့်ကြည့်လိုက်ပြီး ရင်းနှီးနေတဲ့ မျက်နှာလှလှလေးကိုတွေ့တော့မှသာ စိတ်သက်သာရာရသွားပြီး အပြုံးလေးနဲ့ပြောလိုက်သည်။
"ကောင်းလိုက်တာ!...နောက်ဆုံးတော့ ခင်ဗျားရောက်လာပြီ!..ဒါပေမဲ့လေ..နောက်တစ်ခါဆို ကျွန်တော့်ကိုအရင်အသံပေးလို့ရမလားဟင်..ခင်ဗျားအခုလေးတင် ကျွန်တော့်ကိုချီးထွက်ကျလုနီးပါးလန့်သွားအောင်လုပ်ခဲ့တာဗျ!!"

သူတစ်ကိုယ်လုံး အကောင်းအတိုင်းရှိနေတာတွေ့တော့မှသာ ယင်ကျင်းရဲ့မှာ စိတ်တည်ငြိမ်သွားတော့သည်။ ထို့နောက် လက်ဆန့်ထုတ်ပြီး သူ့ကိုထိန်းပေးထားလိုက်၏။
"မင်း အဆင်ပြေရဲ့လား"

ရုန်ယိ သူ့နဖူးပေါ်က ချွေးအေးတွေကိုသုတ်ဖယ်လိုက်ကာ
"အင်း..ကျွန်တော်အဆင်ပြေပါတယ်..မှားပြီး လန့်သွားရုံလေးပါ..အိုး..ဟုတ်သားဘဲ..ခင်ဗျား ကျွန်တော့်ကိုဘယ်လိုရှာတွေ့သွားတာလဲ!"

"မင်းကိုပေးထားတဲ့ အကာအကွယ်ကျောက်စိမ်းပြားထဲမှာ ကိုယ့်ရဲ့စိတ်ဝိညာဥ်အပိုင်းအစလေးကိုထည့်ထားတယ်...အဲ့ကနေပြီး မင်းကိုရှာလို့ရတယ်...အထူးသဖြင့် သူက မင်းကိုကာကွယ်ဖို့အသက်ဝင်လာတဲ့အချိန်မှာဆိုရင် ကိုယ်သူ့ကို အာရုံခံနိုင်ပြီး မင်းကိုပိုမြန်မြန်ရှာတွေ့နိုင်တယ်"

ရုန်ယိ သူ့ကို မျက်ဆံလှန်ပြလိုက်ပြီး
"ခင်ဗျား ကျွန်တော့်ကို အစောကြီးတည်းကပြောခဲ့ရင် ကျောက်စိမ်းပြားကိုမြန်မြန်အသက်ဝင်လာအောင်  ကျွန်တော့်ကိုယ့်ဘာသာ မီးတောက်တစ္ဆေဆီပြေးဝင်ပြီး ကျွန်တော့်ကိုသတ်ခွင့်ပြုလိုက်ပါတယ်..ဘာကိစ္စနဲ့ သူတိုက်ခိုက်တာကို အသည်းအသန်ရှောင်ရှားနေတော့မှာလဲ..ကျွန်တော့်မှာ ခင်ဗျားကိုနောက်တစ်ကြိမ်ထပ်မတွေ့နိုင်တော့ဘူးလို့တောင်ထင်သွားတာ!"

ယင်ကျင်းရဲ့ "......"

"ဒီနေရာက စကားရပ်ပြောနေရမယ့်နေရာမဟုတ်ဘူး..အရင်ဆုံး ဒီကနေထွက်သွားကြရအောင်!..ကျွန်တော့်အနံ့က တစ္ဆေတွေကိုထပ်ပြီးဆွဲဆောင်မိမှာစိုးတယ်"

"ကောင်းပြီ"
ရုတ်တရက် ယင်ကျင်းရဲ့က လေထဲကိုအော်ခေါ်လိုက်သည်။
"ဒေါင်းဖြူ!"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now