Ep3

3.9K 253 5
                                    


"သွားလိုက်ပါဦးမယ်"

ပါပါးအခုပြောင်းခိုင်းတဲ့ကျောင်းကဖေဖေ့အသိဖွင့်ထားတဲ့ကျောင်းပင် ။ထို့ပြင်ယောကျာ်းလေးကျောင်းမို့
သူပိုအဆင်ပြေမည်ဟုထင်မိသည် ။အရင်ကျောင်းမှာပါပါးကနေခြည်နှင့်သူတွဲနေတာသိသွားတာမို့ အခုလိုကျောင်းပြောင်းခိုင်းတာဖြစ်သည် ။နေခြည်နှင့်သူလည်းမသက်ဆိုင်တော့တာမို့ စိတ်ထဲဘာမှသိပ်မဖြစ်၊
သူ့အရွယ်ကစိတ်ကစားတဲ့အရွယ်မဟုတ်လား။

"မြေး နေဦး"

ခြံထဲကအထွက်အနောက်ကနေလိုက်လာတဲ့ဖိုးဖိုး
ကြောင့်သူရပ်စောင့်နေမိသည် ။ပထမဆုံးရက်မို့အိမ်ကနေစောစောထွက်ခဲ့တာကြောင့် ဖေဖေတို့ဖိုးဖိုးတို့တောင်အလုပ်မသွားရသေးပါ ။သူစိတ်ထင်တာမမှားရင်မုန့်ဖိုးပေးဖို့လိုက်လာတာဖြစ်မည်။

"ရော့ မုန့်ဖိုး"

"ဖိုးဖိုး ဒါ"

သူထင်ထားသလိုတစ်သောင်းတန်တစ်ရွက်မဟုတ်ဘဲတစ်သောင်းတန်တစ်အုပ်ကြောင့် အလန့်တကြားဖိုးဖိုးကိုကြည့်မိသည်။

"တစ်လစာပေးထားတာ တစ်နေ့ချင်းမပေးတော့ဘူး
ဖိုးလည်းဒီလခရီးသွားစရာရှိလို့"

"ဟုတ် ဖိုးဖိုး ဂရုစိုက်ပါ"

ဖိုးဖိုးပေးတဲ့ပိုက်ဆံကိုလွယ်အိတ်ထဲလိုပါ့မယ်ရဆောင်သွားလိုက်သည် ။ဖိုးဖိုးကသူ့ပိုက်ဆံကိုဖေဖေတို့ဆီမပေးခိုင်း ၊အခုဆိုဖေဖေတို့ကလည်းသူ့ကိုကဒ်ပေးထားတာမို့သူသေချာသိမ်းဖို့သာတွေးထားမိသည်။

"ကလင် ကလင်"

စက်ဘီးသံကြောင့်သူထောင့်ကပ်လျှောက်မိတော့
သူ့အနားလာရပ်တဲ့စက်ဘီး ၊စက်ဘီးပေါ်ကလူကြောင့်ခုန်နေသောနှလုံးတို့ ပိုလို့ပင်လျင်မြန်စွာခုန်သွားသည်ကိုသူသတိထားမိသည် ။သူ့ရှေ့ကလူကသူ့လိုပင်ကျောင်းသစ်ရဲ့uniformဝတ်ထားသည် ။အခုပြောင်းတဲ့ကျောင်းကကိုယ်ပိုင်အထက်တန်းကျောင်းမို့ ဘောင်းဘီအနက် ၊ကျောင်းအကျီင်္ီတံဆိပ်ပါပြီးသား shirtသာဝတ်ရသည် ။ ဒါဆိုဒီလူကရောသူ့လိုကျောင်းသားပဲပေါ့။

"တကယ်မင်းကို"

"ခင်ဗျားလည်uးniformဝတ်ထားတယ် ဒီကျောင်းကကျောင်းသားပဲလား"

Stawberry And Cigarette (Completed)Where stories live. Discover now