Ep11

2.5K 193 2
                                    


မနက်ဖြန်စနေနေ့မို့အဖိုးအိမ်မှာသူအိပ်လိုက်သည်။
အမှန်တော့အဖိုးအတွက်ဘယ်သူနှင့်မှမတူသည့်မွေး
နေ့ပွဲလေးသူလုပ်ပေးချင်တာဖြစ်သည်။ အပေါ်ထပ်ကတံခါးဖွင့်သံကအဖိုးညလယ်ဘက်မို့ ရေဆင်း
သောက်တာဖြစ်သည် ။သူလည်းဖယောင်းတိုင်မီးကို
ထွန်းပြီးထောင့်အကွယ်တစ်နေရာမှာပုန်းနေလိုက်သည် ။ အဖိုးမီးဖိုခန်းထဲဝင်ပြီးမီးခလုတ်မနှိပ်ခင်

"Happy Birthday To You! Happy
Birthday To You! Happy Birthday
Lovely Grandfather!Happy Birthday To You"

"ချလောက်"

မီးခလုတ်နှိပ်သံနှင့်အတူအဖိုးရဲ့ဝမ်းသာနေတဲ့မျက်နှာကိုပါတွေ့လိုက်ရသည် ။ ကျွန်တော်တို့လိုလူငယ်တွေ
အတွက်မွေးနေ့ပွဲဆိုတာ တစ်နှစ်တစ်ခါပျော်ရွင်စွာကျင်းပနေပေမယ့် အသက်ငါးဆယ်ကျော်လူကြီးတွေအတွက်မွေးနေ့ပွဲဆိုတာ မရှိသလောက်မလုပ်ဖြစ်ကြတော့ ။ ဘုရားသွား၊ကုသိုလ်လုပ်ပြီးဖြတ်သန်းခဲ့ရတဲ့
မွေးနေ့တွေထက် ကိုယ့်နာမည်ရေးပြီးမွေးနေ့ကိတ်လာခွဲပေးသည့်ပျော်ရွင်မှုကိုတော့ အရွယ်ရောက်တည်းကခံစားဖူးမည်မဟုတ်သောအဖိုးအတွက် ဒီလိုလုပ်ပေးရန်ချစ်သောကအကြံပေးသည်။

တကယ်ကိုဝမ်းသာမျက်ရည်ကျနေသောအဖိုးက
မွေးနေ့ကိတ်ရှိရာစားပွဲနားဖြည်းဖြည်းချင်း လျှောက်လာရင်းဖယောင်းတိုင်ကိုမှုတ်သည် ။

"ကိတ်ခွန့်ကျွေးပါ အဖိုး"

အသင့်ပြင်ထားတဲ့ပန်းကန်နှင့်ဇွန်းအပြင် ကိတ်မုန့်လှီးဖို့ဓားကိုပါအဖိုးလက်ထဲသေချာထည့် ပေးလိုက်သည်။ အသက်အရွယ်ရလာပြီမို့ဝမ်းနည်းလျှင်ဖြစ်စေ၊
ဝမ်းသာသည်ဖြစ်စေမျက်ရည်ကျတတ်လာပြီဖြစ်တဲ့
အဖိုးကို သူခါတိုင်းထက်ပိုဂရုစိုက်ချင်ပါသည်။

"ငါ့မြေးကအကောင်းဆုံးပဲကွာ"

ဝမ်းသာအားရသူ့ကိုဖက်ပြီးပျော်နေတဲ့အဖိုးကို
ခပ်ဖွဖွဖက်ထားရင်းနှိမ့်သိမ့်မိသည် ။ အမှန်ဆိုဒီလို
လုပ်တာပါပါးတို့နဲ့တိုင်ပင်ချင်ပေမယ့် တစ်ယောက်တည်းအမှတ်ကောင်းယူပြီးကိုယ်တိုင်လည်း တောင်းဆိုစရာရှိသည်မဟုတ်လား။

"မင်းဖေဖေကအဖိုးမွေးနေ့တောင်မေ့နေတယ်ထင်"

"မဟုတ်တာ ဖေဖေကမမေ့ပါဘူး ကျွန်တော်ကသာ
အဖိုးကိုအားလုံးထက်ကြိုဆုတောင်းပေးချင်လို့"

Stawberry And Cigarette (Completed)Where stories live. Discover now