Ep32(final)

5K 183 6
                                    


Zg

ပုစွန်ဆီရောင်ကောင်းကင်ကြီးက နေဝင်ပန်းချီကားနှင့်အညီလိုက်ဖက်လျက်ရှိသည် ။အိမ်တန်းပြန်ငှက်တို့ဝေဟင်ထက်အတောင်ပံအစုံခက်လို့ ပျံသန်းနေ
ကြသည်။ရန်ကုန်မြို့ကိုအပေါ်စီးမှမြင်နိုင်သော ဆေးရုံကြီးရဲ့လေသာဆောင်မှ တိုက်ခက်လာသောလေများကမျက်နှာထက်ကျီစယ်နေကြသည် ။ ကားတိုက်မှုဖြစ်ပြီး​ဆေးရုံတတ်လို့တစ်ပတ်ပြည့်ခဲ့ပြီ ၊ခေါင်းပေါ်ကအဖြူ ​ရောင်ပတ်သီးလည်းမရှိတော့သလို သာမန်လူတစ်ယောက်လိုကျန်းမာရေးကောင်းနေပြီဖြစ်သည်။

ဒီနေ့တော့သူ့ပရိတ်သတ်တွေကိုနေကောင်းနေပြီဖြစ်
တဲ့အကြောင်း ဇက်နှင့်အတူliveလွှင့်မည်ဟုစီစဉ်ထားသည်။ သို့သော်စီးပွားရေးသမားကြီးကအလုပ်တွေရှုပ်နေသည်ထင် ၊တစ်နေကုန်ပျောက်ချက်သားကောင်းနေတာ နေပင်ဝင်တော့မည်။ လက်ထပ်ခွင့်တောင်းထားတာသူမဟုတ်သည့်အတိုင်း စကားတောင်မစပါ။

"ဟင်"

ရုတ်တရတ်မြင်ကွင်းကအမှောင်ထုကိုရောက်သွားသလိုသူ့မျက်ဝန်းထက် လက်တစ်စုံကဖုံးအုပ်ထားသည်။ လက်ပိုင်ရှင်ကသူစိတ်ဆိုးနေသည့်လူဖြစ်တာမို့
လက်ကိုဖြုတ်ချလိုက်သည်။

"သွားစမ်း ဘယ်သူတုန်း"

"ချစ်သောကမောင့်ကိုစိတ်ဆိုးနေတာပေါ့"

"ဘယ်ကမောင်လည်းသွားစမ်းပါ"

ထိုစဉ်သူ့ဘေးနားဇက်ကပ်ပြောလိုက်တဲ့စကားကြောင့်သူတို့အနောက်ကိုလှည့်ကြည့်မိသည် ။သူ့မန်နေဂျာဖြစ်သည့်ကင်ကဖုန်းဖြင့် ဇက်ပြောသည့်အတိုင်းlive
လွှင့်နေပြီ ။ ဒါဆိုသူခုနကပြောတာတွေအကုန် ၊ကာယကံရှင်ကိုကြည့်တော့ သူ့ကိုမျက်ခုံးလှုပ်ပြီးပြုံးပြနေသည်။

"ဟုတ်ကဲ့ အခုဆိုမင်းတို့ရဲ့Kနေပြန်ကောင်းနေပြီဆိုတာတွေ့ကြမယ်ထင်ပါတယ် မကြာခင်ဆေးရုံကဆင်းတော့မှာမို့စိတ်မပူကြပါနဲ့"

ဖုန်းကိုသေချာကြည့်ပြီးပြောနေတဲ့ပုံမှာ မသိလျှင်သူကပဲသက်ဆိုင်သူလိုလို ၊တစ်ရက်လုံးပစ်ထားပြီးအခုမှfanတွေရှေ့နာမည်ကောင်းလာယူပြနေတာဖြစ်သည်။ liveလွှင့်နေမှန်းသိတာတောင်စိတ်ဆိုးရင်းဒေါသပါဖြစ်လာတာမို့ ပြုံးတောင်မပြုံးနိုင်တော့ပါ။

Stawberry And Cigarette (Completed)Where stories live. Discover now