နှစ်ဆုံးစာမေးပွဲနေ့ကဘာလိုလိုနှင့်ရောက်ရှိလာပြန်သည်။ အခုဆိုသူနှင့်ကီလည်းအရင်ကထက်ပိုနီးကပ်လာပြီဖြစ်သလို ကီကလည်းအပေါင်းအသင်းတွေရှိလာပြီဖြစ်သည် ။ ဘယ်လိုအပေါင်းအသင်းတွေရှိပါစေ ၊ကိုယ်ကသာသူ့ပထမဦးဆုံးအရေးပေးခံရသူမို့ကျေနပ်မိတာအမှန်ပင် ။"နောက်နှစ်မင်းတို့အဆောင်နေကြမှာလား"
အတန်းခေါင်းဆောင်စစ်မင်းကကီ့အပေါ်တကယ်
ကောင်းတဲ့သူငယ်ချင်းဖြစ်မှန်းသူအချိန်ကြာလေ သိလာလေဖြစ်သည် ။ ထို့ပြင်သူ့ရှေ့ကဘုန်းပြည့်ကလည်းအခုဆိုသူတို့သုံးယောက်နှင့်တစ်တွဲတွဲမို့ လေးယောက်ပေါင်းပြီးတွဲသွားသွားလာလုပ်ဖြစ်ကြသည်။"ငါနဲ့စစ်မင်းကအခန်းယူပြီးပြီ"
ဘုန်းပြည့်နှင့်စစ်မင်းကရည်မှန်းချက်ချင်းတူတဲ့လူတွေမို့ဆေးအမှတ်မှီအောင်လုပ်မည့်ပုံပေါ်သည် ။ဒါကြောင့်လည်းနှစ်ယောက်သားအခန်းအတူတူ ယူလိုက်တာဖြစ်မည် ။ ကျောင်းကစီမံပေးသည့်အဆောင်မို့
နှစ်မကုန်ခင်တည်းကအပ်ထားလျှင် ကိုယ်ကြိုက်သည့်လူနှင့်တွဲနေလို့ရတာဖြစ်သည် ။နွေရာသီမှအပ်လျှင်အဆောင်ကချပေးတဲ့နေရာမှာသာ နေရမှာဖြစ်သည်။"ကီနေမှာလား"
"မင်းရော"
"ကျွန်တော်ကကီ့သဘော"
"မင်းနေမယ်ဆိုနေမယ်လေ"
သူ့ရှေ့ကအချစ်ငှက်မောင်နှံကိုကြည့်ပြီး သွေးအန်ချင်သည်ကတော့အမှန်ပင် ။သူပဲမဟုတ်ဘုန်းပြည့်ဆိုတဲ့ကောင်ကလည်းမျက်နှာကြီးရှုံ့မဲ့ပြီး သူ့ရှေ့ကနှစ်ကောင်ကိုကြည့်နေသည် ။ ဟိုနှစ်ကောင်ကတော့သူတို့ကိုပင်ဂရုမပြုအား နှစ်ယောက်သားအကြည်စိုက်ရင်း'မင်းသဘောငါ့သဘော'ဖြစ်နေကြသည်။
"ငါကွာ! ဘုန်းပြည့်လာ Toiletသွားမယ်"
နှစ်ခါပင်မခေါ်လိုက်ရ ဘုန်းပြည့်ကချက်ချင်းကိုလိုက်လာတာဖြစ်သည် ။အတန်းခေါင်းဆောင်ဖြစ်သည့်သူ့ကိုအတော်များများကရှိန်နေပေမယ့် ထိုအထဲဟိုနှစ်ကောင်နှင့်ဘုန်းပြည့်ဆိုတဲ့ကောင်တို့မပါပေ။
YOU ARE READING
Stawberry And Cigarette (Completed)
Romance"မင်းကစတော်ဘယ်ရီလိုချိုမြိန်တယ် စီးကရက်လိုစွဲမက်ဖို့ကောင်းတယ်" "စီးကရက်ထက်စီးကရက်သောက်တဲ့ ခင်ဗျားကိုပိုစွဲမက်တယ်" ------- "မင်းကစတော်ဘယ်ရီလိုချိုမြိန်တယ် စီးကရက်လိုစွဲမက်ဖို့ကောင်းတယ်" "စီးကရက်ထက်စီးကရက်သောက်တဲ့ ခင်ဗျားကိုပိုစွဲမက်တယ်" start-1/1/202...