*100* ကြောက်စရာကောင်းတဲ့မြင်ကွင်း

10.4K 1.8K 181
                                    

သူတို့သုံးယောက်သား ဖုတ်ကောင်လေးကို အံ့သြတကြီးနဲ့ကြည့်လိုက်မိကြသည်။

ဖုတ်ကောင်လေးက ထက်ရှတဲ့ဓားမြှောင်ကို အရုပ်တစ်ရုပ်လိုမျိုး လက်ထဲမှာလှည့်ပတ်ဆော့နေလေသည်။

ရုန်ယိမှာ တံတွေးမြိုချမိလိုက်၏။
"ကျန်း...ကျန်းမု..ဘာလုပ်နေတာလဲ"

ဖုတ်ကောင်လေးက သူ့ဗိုက်ကိုညွှန်ပြပြီး
"ထွက်...ထွက်...ထွက်.."

"သူထွက်လာတော့မယ်ဆိုတာသိပါတယ်...ဓားမြှောင်ကို အဖေ့ကိုပြန်ပေးလိုက်နော်..ဒီတော့မှ ကလေးလေးကမကြာခင်ထွက်လာနိုင်မှာ..လိမ္မာတယ်နော်..."

ဖုတ်ကောင်လေးက ရုန်ယိဗိုက်ကိုအရင်ကြည့်လိုက်ပြီးနောက် နာနာခံခံလေးနဲ့ ယင်ကျင်းရဲ့ဆီကို ဓားမြှောင်ပြန်ပေးလိုက်သည်။ ဒါပေမဲ့ ယင်ကျင်းရဲ့လှမ်းယူတော့မဲ့အချိန်မှာဘဲ သူက ရုတ်တရက်လှည့်ကာ ရုန်ယိဗိုက်ကိုလှမ်းခွဲလိုက်တာကြောင့် ပူတင်းနေတဲ့ဗိုက်ပေါ်မှာ သွေးစီးကြောင်းတစ်ခုက ချက်ချင်းဖြစ်ပေါ်လာတော့လေသည်။

ရန်ချိုးရွှမ် ထအော်မိသွားသည်။
"ဗိုက်ခွဲခံလိုက်ရပြီ!...ဗိုက်ပွင့်သွားပြီ!...အိုး..ဘုရားရေ!!.."

ရုတ်တရက် သွေးစီးကြောင်းက ထိုးခွဲခံလိုက်ရပြီး အထဲကနေ သွေးစွန်းနေတဲ့ လက်လေးတစ်ဖက်ထွက်လာလေသည်။

လူတိုင်း ထိတ်လန့်တကြီးဖြစ်သွားကြတော့သည်။

ရုန်ယိ သူ့ဘာသာရေရွတ်လိုက်မိ၏။
"ဒီလိုကြောက်စရာမြင်ကွင်းကြီးက တစ်ကယ်ကြီးကိုငါ့ဆီမှာဖြစ်နေတာဘဲဟ!"

ဖုတ်ကောင်လေးကတော့ တခစ်ခစ်ရယ်လိုက်ကာ ထိုလက်လေးကိုသူ့လက်လေးနဲ့ဆွဲကိုင်လိုက်လေသည်။

ရုန်ယိမှာ သူ ကလေးကိုတိုက်ရိုက်ကြီးဆွဲထုတ်လိုက်မှာစိုးတာကြောင့် အမြန်ပြောလိုက်သည်။
"နေဦး!!!"

သူ့စကားမဆုံးခင်မှာဘဲ ယင်ကျင်းရဲ့က ဓားရိုးနဲ့ သူ့ကိုသတိမေ့သွားအောင်ရိုက်ချလိုက်လေသည်။

သူသတိလစ်မသွားခင်တွေးနေမိတာကတော့  ကလေးမွေးနေတုန်း ကိုယ့်ကျင့်ကြံဖော်ရဲ့ သတိလစ်အောင်အရိုက်ခံလိုက်ရတဲ့ ကိုယ်ဝန်ဆောင်ယောက်ျားက သမိုင်းမှာ သူတစ်ယောက်ထဲသာရှိပေလိမ့်မည်ဟု...။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now