*102* ရူးချင်ယောင်ဆောင်မနေစမ်းပါနဲ့

10.2K 1.7K 51
                                    

ရုန်ယိထွက်သွားတဲ့အခါ တစ်ခြားသူတွေမှာလည်း ဂုဏ်ပြုပွဲကိုဆက်လုပ်ချင်စိတ်ရှိမနေတော့တာကြောင့် အကုန်လုံး ခန်းမထဲကနေအလျှိုလျှို ထွက်သွားကြတော့သည်။

ရန်ချိုးရွှမ်က ပိလော့ခြံဝန်းထဲကို ရုန်ယိနောက်ကနေလိုက်လာသည်။
"ယိအာ..အဲ့ချီလန်က တုံထန်းနယ်မြေက ချီမိသားစုသခင် ချီလန်လား"

ရုန်ယိ ခေါင်းခါပြလိုက်ကာ
"ကျွန်တော်လည်းမသိဘူး...သူက ကျင်းရဲ့ရဲ့ဆရာတူအစ်ကိုလို့ဘဲ သိထားတာ"

"သူ့ရုပ်ရည်သွင်ပြင်နဲ့ အပြုအမူတွေအရတော့သူဘဲဖြစ်လိမ့်မယ်"

"အမေ သူ့အကြောင်းသိတာလား..ကျွန်တော်ကြားထားတာတော့ ယင်မိသားစုက သူ့အပေါ်အကြွေးတင်နေတာတဲ့..အဲ့တာအမှန်ဘဲလား"

ရန်ချိုးရွှမ်က မျက်မှောင်ဖွဖွလေးကြုတ်လိုက်ပြီး
"ယင်ကျင်းရဲ့ရဲ့အဖေက ယင်မိသားစုရဲ့ခေါင်းဆောင်သခင်နေရာကို အခိုင်အမာရယူနိုင်ဖို့အတွက် ချီမိသားစုတစ်ခုလုံးရဲ့အသက်ကိုစတေးခဲ့ရတယ်လို့ပြောတာကြားဖူးတယ်..ချီလန်က တစ်ဦးတည်းသောအသက်ရှင်ကျန်ရစ်ခဲ့တဲ့သူဘဲ..ဒါပေမဲ့ ငါလည်း အသေးစိတ်ကိုတော့ သေချာမသိဘူး..မင်း ကျင်းရဲ့ကိုမေးကြည့်ပေါ့"

ရုန်ယိ "......"

ဒီလိုသာဆိုရင် ချီမိသားစုကိုအကြွေးကြီးကြီးတင်နေရုံသာမကဘူး..အမုန်းတရားတွေပါ ပါနေမှာဘဲ!..ချီလန်က ယင်ကျင်းရဲ့ကိုအမြဲတမ်းခက်ခဲအောင်လုပ်နေပြီး သူ့ဆီမှာ ကောင်းတာတစ်ခုခုဖြစ်လာတာကို မမြင်ချင်တာ မထူးဆန်းတော့ဘူး..။

"သခင်မကြီးက ချီလန်ကို အရမ်းအလိုလိုက်တယ်လို့လည်း ငါကြားထားသေးတယ်..အကယ်၍ ချီလန်သာ ယင်ကျင်းရဲ့ကိုတစ်ကယ်ဘဲ လက်ထပ်ချင်နေတာဆိုရင် သူ သဘောတူလောက်တယ်"
ရန်ချိုးရွှမ် သူမသားကိုစိုးရိမ်နေလေသည်။
"ယင်ကျင်းရဲ့က မင်းဘက်မှာရှိတာ ငါသိပေမဲ့..သူကလည်း ချီလန်ကိုလက်မထပ်ဘူးလို့ပြောခဲ့ပေမယ့်လည်း..သူ့မိသားစုက မင်းကိုလက်မခံမှာကို ငါစိုးရိမ်နေတုန်းဘဲ..ဘာဘဲပြောပြော ငါက မိစ္ဆာကျင့်ကြံသူတစ်ယောက်လေ..သူတို့က မိစ္ဆာကျင့်ကြံသူအမေတစ်ယောက်ရှိနေတဲ့သူကို သူတို့မိသားစုထဲကိုဝင်ခွင့်ပြုမှာမဟုတ်လောက်ဘူး"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now