𝑷𝒂𝒓𝒕-3

412 52 0
                                    

ခြောက်ခေါက်မြောက်။ဒီနေ့ ဆွန်ဝမ်တို့ အိမ်ရှေ့ကို အကြောင်းမရှိ အကြောင်းရှာ စက်ဘီးပတ်စီးနေသည်မှာ ယခုနှင့်ဆို ခြောက်ခေါက်မြောက်ရှိပြီဖြစ်သည်။

မနက်ဖြန်ဆိုသည့် အချိန်သည် ယခုမှ ကြာလွန်းနေသည်ဟု ဆူးလ်ဂီ ထင်သည်။ဆွန်ဝမ့်ဆီကိုလဲ အကြောင်းမရှိ အကြောင်းရှာ မသွားချင်သောကြောင့် သူမ စက်ဘီးကိုသာ ပတ်စီးနေလိုက်သည်။

ဟိုတစ်ခေါက်ကလို ပန်းပင်တွေရေလောင်းနေရင်ဆိုတဲ့ အသိနဲ့ ခြံထဲကို လှမ်းကြည့်တော့လဲ အရိပ်အယောင်ပင် မမြင်ရ။အိမ်ထဲကို လှမ်းကြည့်တော့လဲ သေသေချာချာဘာမှမမြင်ရပေ။

သို့သော် ကားတော့ရှိသည်။ ဒါကြောင့် ဒီအမျိုးသမီး သူ့အိမ်မှာ ရှိသည်ကို ဆူးလ်ဂီ အာမခံနိုင်သည်။ဆေးခန်းကစောပြီးမျပြန်လာတာလားမပြောတတ်။ ဒါမဲ့အခုကို ခြောက်နာရီထိုးတော့မှာကိုး...။

ညနေခင်းက ဒီနေ့မှ ချမ်းစိမ်စိမ့် ဖြစ်နေသယောင်။ချည်သားအကွက် ဝမ်းဆက်ကို ဝတ်ထားသော ဆူးလ်ဂီ့မှာ လေမတိုးအောင် စက်ဘီးကို မနည်းစီးနေရသည်။ ဆောင်းလယ်ရောက်နေပြီ ဖြစ်သောကြောင့် ညနေရောက်ရင်ပင် ချမ်းချင်နေပြီဖြစ်သည်။

အရှေ့လမ်းမှ ကွေ့ကာ လမ်းလျှောက်ဝင်လာသောသူကို ဆူးလ်ဂီ မြင်ဖူးသလို လှမ်းကြည့်နေမိသည်။ဘယ်လောက်စူးစိုက်ကြည့်ကြည့် အဝေးမှုန်သော ဆူးလ်ဂီမှာ သေချာမမြင်ရ။ အာရုံတို့သည် ထိုသူ့ထံကို ရောက်နေသောကြောင့် စက်ဘီးကို သေချာမထိန်းမိပဲ ဘေးမှဝင်လာသော ခွေးကို မရှောင်နိုင်တော့ပေ။ အမှတ်တမဲ့ဝင်လာသောကြောင့် လက်ကိုင်ကို အမြန်ထိန်းလိုက်ချိန်တွင် ဟန်ချက်ပျက်ကာ စက်ဘီးရော လူပါ လဲတော့သည်။

''ဟာ ဆူးလ်ဂီ''

အဝေးမှ အော်ပြောသံနှင့်အတူ အနားသို့ ရောက်လာသော တစ်စုံတစ်ယောက်။ မော့ကြည့်လိုက်တော့ ဆွန်ဝမ်။ ဒါကြောင့် မြင်ဖူးတယ်ဆိုပြီး ဆူးလ်ဂီကြည့်နေတာ။ဆွန်ဝမ်ဖြစ်နေတာကိုး...။

''ဆူးလ်ဂီ ရရဲ့လား ဘယ်လိုဖြစ်တာလဲဟယ် နင်ကလဲ...''

​ဆွန်ဝမ်၏ အမေးကို ဆူးလ်ဂီ သတိမထားနိုင်တော့ပဲ နာသွားသည့် လက်​​ကောက်ဝတ် နေရာကို ကြည့်လိုက်တော့ သွေး​ပင် အတော်ထွက်နေပြီဖြစ်သည်။ ဝတ်ထားသော နာရီမှာလဲ မှန်တို့အက်ကွဲသွားခဲ့ပြီ။

အမှားWhere stories live. Discover now