𝑷𝒂𝒓𝒕-15

617 55 14
                                    

''ဒီမှာ လူမရှိရင် ထိုင်မယ်နော်''

ဘေးနားက ထွက်လာတဲ့ အသံချိုချိုကြောင့် မော့ကြည့်မိလိုက်တော့ ကောင်မလေးတစ်ယောက်က သူမကို ငုံ့ကြည့်နေသည်။နတ်သမီးလေးအတိုင်းပဲ။မျက်လုံးပြူးပြူးနဲ့ ချစ်စရာလေး။ပြီးတော့ နှုတ်ခမ်းဖူးဖူးတို့က ပြုံးပြနေသေးသည်။အို... သူမရဲ့စိတ်ထဲ မြင်မြင်ချင်းပင် ချစ်မိသွားသည်ထင်။သူ့ကိုခေါင်းညိမ့်ပြလိုက်ပြီး ထိုင်လို့ရကြောင်းပြောလိုက်တော့ သူက သူမဘေးက ထိုင်ခုံတွင် ဝင်ထိုင်သည်။ဆံပင်က ဂုတ်ဝဲလေးနဲ့။တကယ်ပါ အဲ့အချိန်က ဖြစ်ပျက်ခဲ့သမျှကို ဂျူဟျွန်းလုံးဝမမေ့ဘူး။မေ့ခိုင်းတောင် မေ့ပစ်မှာမဟုတ်ပါဘူး။

''ငါ့နာမည်က ဆာကူရာပါ...အခုမှ ဒီမြို့ကိုပြောင်းလာလို့ အပေါင်းအသင်းမရှိဘူး။ငါ့ကို ကူညီအုံးနော်''

''အင်း...ငါ့နာမည်က ဘယ်ဂျူဟျွန်း''

''ဘယ်ဂျူဟျွန်း...အင်း နာမည်က လှတယ်''

အလှပဆုံးပြုံးပြပါသည်။သေချာတယ် အဲ့အပြုံးတွေထဲမှာ ဂျူဟျွန်းနစ်မြောမိသွားခဲ့တာ။အချုပ်အနှောင်လဲ ခံခဲ့ရတာ။

ဆေးကျောင်းသားတွေရဲ့ ဘဝက အချိန်ပြည့် စာနဲ့ပဲ ကုန်ဆုံးနေရသလို အပျော်အပါးဆိုတာလဲ ရှားပါးလှသည်။ဂျူဟျွန်းသည် စာအတော်ဆုံး အထူးချွန်ဆုံးဆိုတဲ့ ကျောင်းသား တွေထဲမှာ ထိပ်ဆုံးကနေ ရှိသည်။ စာကိုပဲ အလေးအနက်ထားပြီး စာမှစာဆိုတဲ့ လူမျိူး။ဒါပေမယ့် ဆာကူရာဆိုတဲ့ကောင်မလေးနဲ့တွေ့ပြီး နောက်မှာတော့ အဲ့အရာတွေဟာ ဘယ်ရောက်လို့ရောက်သွားမှန်းတောင်မသိ။

အရင်က အားရင် စာပဲလုပ်နေတတ်တဲ့သူမက နောင်ပိုင်းကျတော့ အားတဲ့အချိန်တိုင်း ဆာကူရာနဲ့ မြို့ထဲကို လျှောက်ပတ်သွားတတ်နေပြီ။အရမ်းအနေအေးတဲ့ သူမက ဆာကူရာနဲ့ဆို ရန်တောင်ပြိုင်ဖြစ်တတ်နေပြီ။နေမကောင်းရင်တောင် အတန်းကိုမရရအောင်လာတတ်တဲ့သူမက အတန်းတောင်လစ်တတ်နေပြီ။ဆရာတွေစကားလဲ နားမထောင်ချင်တော့တာ ကြာပြီ။ပြီးတော့ ဆရာဝန်ဖြစ်ဖို့ ငယ်ငယ်လေးကတည်းက အသည်းအသန်ကြိုးစားခဲ့တဲ့ သူမရဲ့ အိမ်မက်ဟာ အခုတော့။ အခုတော့ ဘာမှမဟုတ်တော့သလို။

အမှားWhere stories live. Discover now