𝑃𝑎𝑟𝑡 -16

310 32 2
                                    

''အန်တီ ဆူးလ်လေးရှိလားမသိဘူး...''

''ဆူးလ်ဂီလား ရှိတယ်သမီးရေ အန်တီခေါ်ပေးမယ်နော် ဆူးလ်ဂီရေ ဆူးလ်ဂီ လာ...လာ သမီး အိမ်ထဲဝင်ထိုင်အုံး... ဆူးလ်ဂီရေ''

အန်တီက လှေကားကနေ ဆူးလ်ဂီ့ကို လှမ်းအော်နေသည်။ အိပ်နေသည်လား မသိ။ ဆူးလ်ဂီတို့အိမ်သည် အပြင်က လှမ်းကြည့်လျှင်ပင် အတွင်းပုံစံအားလုံးကို မြင်ရသည်။ အပြင်ကနေ ကြည့်လိုက်ရင် ပထမဆုံးမြင်ရသည်မှာ စားပွဲများနှင့်ခုံများချထားသော ဧည့်ခန်းပင်ဖြစ်သည်။

အန်တီက အိမ်ထဲဝင်ထိုင်ခိုင်းသဖြင့် ဆန်းမီအိမ်ထဲသို့ ဝင်လာလိုက်သည်။ အရင်က ခဏတိုင်းရောက်ဖြစ်ပေမယ့် အခုနောက်ပိုင်း ဆူးလ်ဂီ့အိမ်မရောက်ဖြစ်တာတောင် အတော်လေးကြာနေရောပေါ့။

''အိပ်နေတာ ထင်တယ် ...သမီးရေ ညနေစောင်းမှပဲ... သမိးထိုင်နေအုံးနော် အန်တီသွားနှိုးလိုက်အုံးမယ်''

''ဟုတ် အန်တီ ရတယ်ရှင်....''

အန်တီက သူမအပေါ်တွင် အရမ်းသဘောကောင်းပြီး ဖော်ရွေလွန်းသည်။ အရင်ကဆို နေ့တိုင်း တနေကုန် ဒီအိမ်မှာပဲ နေခဲ့တာ ။ ထမင်းဆိုလဲ စားတာပဲ။ တအိမ်လုံးနဲ့ ခင်နေတော့ ဆန်းမီမှာ အားနားရာမရွိ။ ဒီနေ့ အိမ်တွင်တော့ ဘယ်သူမှမရှိနေ။ မနက်စောစော ဒေါ်လေးက သူ့မွေးရွာကို ပြန်သွားတယ်လို့ သတင်းကြားလိုက်တယ်... ။ ဒေါ်လေးရှိရင် အခုချိန်ဆို ဆန်းမီရှေ့မှာ စားစရာတစ်ခုခုရောက်နေလောက်ပေါ့။

''သွား အချိန်မတော်မှအိပ်နေတယ် သမီးလေးဆန်းမီရောက်နေတာ ကြာနေပေါ့ စောင့်နေရတာ''

ဆူးလ်ဂီက လှေကားပေါ်မှ မျက်လုံးတို့ကို ပွတ်ကာဆင်းလာသည်။ ဆန်းမီကို မြင်တော့ မျက်လုံးများ ပျောက်သွားသည်အထိ ပြုံးပြသေးသည်။

''သမီးရေ အချိန်မတော်မှ အိပ်နေတယ် နှိုးလာခဲ့ရတာ... သမီး ညီမလဲ ပြောသွားအုံး ဖုန်းလဲအရမ်းသုံးတယ် မျက်စိတွေများအားနည်းနေပြီလား မသိဘူး''

''မေမေကလဲ မဟုတ်ပါဘူး သမီးညက အိပ်ရေးပျက်လို့ပါ''

မေမေက အရင်တည်းက ထိုအတိုင်း။ ဆူးလ္ဂီ့ကို ပြောလို့မနိုင်ရင် ဆူးလ်ဂီနဲ့သိတဲ့အမတွေကို တိုင်ဖို့ပဲ။ အစ္မ ဂျူဟျွန်းဆိုရင်လဲ အဲ့တိုင်းပဲ မလာလိုက်နဲ့။ လာလိုက်ရင်ကို ထိန်းပါအုံး ပြောပါအုံးဆိုပြီး အရင်တိုင်ပြီ။

အမှားWhere stories live. Discover now