*103* ဝိညာဥ်သွေးကြော

9.6K 1.8K 27
                                    

ယင်ထောင်က ကောင်းတာတွေကိုသူ့ကိုပါမျှဝေပေးတာကြောင့် ဖုတ်ကောင်လေးမှာ ပျော်ရွှင်သွားကာ ယူပြီး ပြောလိုက်သည်။
"ကျေးဇူး..."

ယင်ထောင်က ဒီလောက်ငယ်ငယ်လေးနဲ့ တစ်ခြားသူတွေကိုပါ ဝေမျှပေးရမယ်ဆိုတာ သိနေတာကြောင့် ရုန်ယိလည်း အရမ်းဝမ်းသာပျော်ရွှင်မိသည်။ ဒါပေမဲ့ သူ့ပျော်ရွှင်မှုလေးက ကြာရှည်မခံလိုက်ပေ..ဘာလို့ဆို ရောင်စဥ်တစ်ရာပုလဲလုံးက မီးခိုးရောင်ပြောင်းလာတာကိုတွေ့လိုက်ရတာကြောင့်ဘဲဖြစ်၏။ သူချက်ချင်း ဖုတ်ကောင်လေးဆီကနေ ဆွဲယူလိုက်ကာ ဆရာသခင်ယွမ်ရိနဲ့ ဆရာသခင်ကျိရှင်းတို့ကိုနောက်ကျောပေးလိုက်ပြီး ယင်ထောင်ကို ဆူသလိုဟန်ဆောင်လိုက်ရသည်။
"ဒါ ဆရာသခင်ယွမ်ရိက မင်းညီလေးအတွက်ပေးထားတာလေ..ဘာလို့သွားဆွဲလုရတာလဲ..ဒီလိုမျိုးမလုပ်ရဘူးနော်..သိပြီလား.."

ရောင်စဥ်တစ်ရာပုလဲလုံးက တစ်ဖြည်းဖြည်းနဲ့ ခရမ်းနီရောင်အလင်းတွေအဖြစ်ပြောင်းသွားတော့မှသာ သူ့စိတ်ထဲမှာ သက်သာရာရသွားတော့သည်။ ကျန်းမုက ဖုတ်ကောင်လေးဆိုတာ သူမေ့လုနီးပါးဖြစ်သွားသည်။ ဒီတော့ သူ့ရဲ့ဝိညာဥ်သွေးကြောကလည်း သာမန်ကျင့်ကြံသူတွေရဲ့ဝိညာဥ်သွေးကြောနဲ့ သေချာပေါက်ကို ကွဲပြားပေလိမ့်မည်။ ပြီးတော့လည်း ကျန်းမုရဲ့ကျင့်ကြံဆင့်က အရမ်းမြင့်မားသေးသည်။ သူ့ဝိညာဥ်စွမ်းအားကိုဘယ်လိုဖိနှိပ်ထားရမလဲဆိုတာကိုမသိတဲ့ သူ့လက်ထဲမှာသာဆိုရင် ပုလဲလုံးက နက်မှောင်နေတဲ့အလင်း ဒါမှမဟုတ် အရောင်ရင့်ရင့်တွေသာထွက်လာမှာဖြစ်ပြီး သူ့ကိုဖော်ထုတ်သလိုဖြစ်သွားနိုင်သည်။

ပုလဲလုံးက နောက်ထပ်အရောင်တွေထပ်ပြောင်းတော့မှာကိုတွေ့တဲ့အခါ ရုန်ယိ ပုလဲလုံးကို ယင်စန်စန်ရဲ့လက်ထဲကို ချက်ချင်းထိုးထည့်ပေးလိုက်တော့သည်။

ယင်ထောင်က ယင်စန်စန်ရဲ့ရှေ့ကိုသွားကာ နှုတ်ခမ်းလေးဆူလိုက်ပြီး
"ညီလေး...မင်းအရုပ်ကလည်းငါ့အရုပ်..ငါ့ဟာကလည်းမင်းဟာဘဲလေ..ဟုတ်တယ်မလား"

လူကြီးတွေအကုန်လုံးက သူ့ရဲ့ကလေးစကားလေးကိုကြားတဲ့အခါ ရယ်လိုက်မိကြသည်။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now