2

450 44 19
                                    

"ဟဲ့ သမီးမျက်နှာကြီးကလည်းဆူပုတ်လို့ပါလားဘာဖြစ်လာတာလဲ"

"ဟိုပါပီပေါ့ တီတီ့သားလေ သမီးကိုနေလုံးမတဲ့"

"Sunnyဆိုတဲ့နာမည်လေးကလှပါတယ် ဟုတ်လဲဟုတ်ပါ့နေလုံးဘဲကို"

"ဟာ မာမီးး"

"မာမီတွေဘာတွေလုပ်မနေနဲ့တော့ သွားရေသွားချိုးချေ ညနေကျရင်အဲ့အစ်မအိမ်သစ်တက်ပွဲဖိတ်ထားတယ် မြန်မြန်သွားလုပ်တော့"

ဟာ မာမီကတော့လေ

မျက်နှာကဆူပုတ်သထက်ဆူပုတ်ပြီးအိမ်ပေါ်ကိုသာတက်သွားသည်







Ahh ပြင်ဆင်ရဦးမှာဘဲ ခုထိရေတောင်မချိုးရသေးဘူးကိုယ်ပါပီရှေ့မှာတော့ညစ်ပတ်တယ်လို့မပြောမခံနိုင်ပါဘူး စတာ စတာ ကျွန်မမညစ်ပတ်ဘူး ဟွန့်

ရေချိုးပြင်ဆင်ကာနဲ့ဘဲပြီးသွားပြီ လိုလိုလားလားမိတ်ကပ်တွေဘာတွေနဲ့ပြင်ဆင်တဲ့သူမှမဟုတ်ဆိုတော့creamလေးလိမ်း makeup powder
အနည်းငယ်ဖို့ပြီးတာနဲ့တင်ပြီးပြီ။ ဆောင်းဦးမို့sweaterအပါးလေးနဲ့ဂျင်းဘောင်းဘီကိုသာဝတ်ဆင်ခဲ့သည်။ ဘာဝတ်ဝတ်ကိုယ်ကလှနေရင်ပြီးရောမဟုတ်လား


🍂🍂🍂

"အစ်မတို့ရောက်ပြီလား အိုကွယ် ဒီလိုမှန်းသိရင်ဟင်းတွေအပြီးချက်ထားပါတယ်"

"ရပါတယ်ဟယ် ဒါနဲ့ဒါကသားလေးလား"

"ဟုတ်ကဲ့ Sim Jaeyunပါjakeလို့ခေါ်လို့ရပါတယ်"

ထိုပါပီကတော့ကိုယ့်ကိုကိုယ်မိတ်ဆက်ရင်းသွားတွေကစီစီရီရီနဲ့ပြုံးဖြီးပြလို့ အမြင်ကပ်နေတာကတော့sunnyရယ်ပါ

"သားကလူချောလေးဘဲ အမေတူသားဖြစ်လို့နေမယ်"

"အယ် ကျေးဇူးပါခဗျ > <"

"မာမီသမီးကရော"

"သမီးလေးကလဲအလှလေးပါဘဲကွယ်"

တီတီမှကြားဖြတ်ဝင်ပြောနေပြီ တွေ့တယ်မလား ကျွန်မလဲလှပါတယ်လို့

"ထိုင်ကြဦးနော် ဟင်းတွေယူလိုက်ဦးမယ်

အချိန်တွေသာကြာခဲ့မယ်တစ်ယောက်နဲ့တစ်ယောက်မျက်စောင်းကတော့မကွာခဲ့ပါ

✓ They don't know about usWhere stories live. Discover now