6

363 36 18
                                    

"အေးပါ ငါဘဲဝယ်ကျွေးမယ်ဟုတ်ပြီလား"

Math testမှာပထမရရင်မုန့်ဝယ်ကျွေးမယ်လို့ပြောထားတာလဲပြန်ရုတ်သိမ်းမရ ဒီလိုတောင်ဖြောင့်ဖြောင့်ဖြားဖြားဖြေနိုင်တာသူ့ကျေးဇူးဘဲမလား

ကျောင်းကော်ရစ်တာမှာလမ်းလျှောက်ရင်းစကားပြောနေလျက်။ စတွေ့တွေ့ချင်းထက်စာရင်တော့သူတို့နှစ်ဦးအတိုင်အဖောက်ညီကာပိုပိုတည့်လာကြသည်။စိတ်ဆိုးစိတ်ကောက်တာလဲရှိသလိုဂျယ်ယွန်းကလဲဆန်နီ့ကိုမစရမနေနိုင်ပါ။

"ဟာ အကိုဟွန်း"

အမလေး သူ့လူတွေ့တာနဲ့ငါ့တောင်ထားပစ်ခဲ့ပြီးသွားနှုတ်ဆက်ပါလေရဲ့

"ဒါနဲ့ဘေးက?"

"ငါ့ကောင်မလေး ဟဲဟဲ"

"ဝိုးး ငါ့အကိုတောင်စွံပြီးဘဲ"

ဟင် အကို? ငါနားကြားများမှားသွားတာလားနေလုံးမှာအကိုရှိတယ်ဆိုတာလည်းမကြားမိပါဘူး ဟိုနေ့ကစကားတွေကရောသူ့ကိုကစားမို့လို့လား ဒင်းကတော့ကောင်မလေးလဲရှိရက်နဲ့နေလုံးကိုmy gurlဘာညာနဲ့ငါထထိုးမိတော့မယ်

"အာညော်ဟာဆယ်ယို အကိုဟွန်းရဲ့ဝမ်းကွဲညမဆန်နီလို့ခေါ်ပါတယ် တွေ့ရတာဝမ်းသာပါတယ် အွန်းနီရှင့် ဟီး"

"ညီမလေးကချစ်စရာလေးနော် အကိုနဲ့တူလို့ဖြစ်မယ်"

"ရှက်စရာကြီးဘာတွေပြောနေတာလဲကွာ ကဲ ဒါဆိုသွားလိုက်ဦးမယ် ညီလေးဂျယ်ယွန်းလဲတာ့တာ"

"ဟမ် အေ တာ့ တာ့တာ"

သူ့အကိုဟွန်းဆိုတဲ့သူနဲ့သူ့ကောင်မလေးထွက်သွားပြီးနောက်နေလုံးကတော့ရှိသမျှသွား၃၂ချောင်းကိုစိ၍ပြုံးဖြဲလို့

"ရာ့ စောစောကနင့်အကိုဆိုတာဘာလဲ"

"လူလေ"

"လူတော့သိတာပေါ့ဟ! နင့်အကိုဆိုပြီးနင့်ကိုဘာဖြစ်လို့"

"ဒီတိုင်းစတာလေ ဟီး နင့်ကိုစတာ"

"နင်လုပ်ရက်တယ်နော်"

"ဘာကိုလဲဟင်"


_______________________________
_______________________________


လေသံမာမာပြောပြီးဟိုဘက်လှည့်ထွက်သွားတာခုထိအရေးတောင်မစိုက်တော့ စိတ်ဆိုးသွားတာလား?lunch timeကျတော့လဲထမင်းတူတူလာမစားငါလဲဘာမှထွေထွေထူးထူးမလုပ်မိဘဲ သူတကယ်ဘဲဘာဖြစ်နေတာလဲ?

✓ They don't know about usWhere stories live. Discover now