10

322 32 5
                                    

ည10နာရီထိုးတော့အိပ်ချင်ပြီလေ .. ဒါပေမယ့်တစ်ခုခုကရင်ထဲကဟာတာတာကြီးလိုဖြစ်နေ၍အိပ်ယာထဲဟိုလှိမ့်ဒီလှိမ့်နဲ့အိပ်မပျော်ခဲ့ပေ..

Ting~

ဖုန်းnotiသံကြားတော့အိပ်ယာဘေးကစားပွဲခုံပေါ်ကဖုန်းအားယူလိုက်၍ကြည့်တော့ig message

Jake Sim
Hey! ပြတင်းပေါက်ကလေးလာဖွင့်အုံး

ဘာလဲ?

Jake Sim
ဟာ လာဖွင့်ပေးပါဆို မြန်မြန်

ဘာလား ခနခန

သူပြောလို့ပြတင်းပေါက်မှန်ကိုတစ်ချက်ဖွင့်လိုက်တော့အောက်ကနေလက်တွေဘာတွေဝေ့ရမ်းပြနေသောသူ ဟမ် သူကဒီချိန်ကြီးဘာလာလုပ်?

"နင်ဘာလုပ်နေတာလဲအဲ့မှာ"

"ငါတက်လာပြီနော် ခနစောင့်"

ဆို၍အောက်မှာနဂိုထဲကအသင့်ရှိနေပြီသားဖြစ်တဲ့လှေကားကနေတက်ကာတစ်ဆင့်ဝရံတာကိုကျော်၍
အိပ်ခန်းထဲကိုရောက်လာလေသည်

"ဟဲ့ ဒီအချိန်ကြီးဘာလာလုပ်တာလဲလို့"

"လွမ်းလို့"

ပေါက်ပေါက်ရှာရှာ လူကို လွမ်းတယ်လေး ဘာလေးနဲ့ ညကြီးရင်ခုန်မိတော့မှာဘဲ!

"မတွေ့ရတာဘယ်နှရက်ရှိလို့ နောက်ပြီးလွမ်းရအောင်ငါကဘာမို့လို့လဲ"

"နင်ကငါ့ကောင်မလေးလေ"

"တော်စမ်းဟာ ငါအိပ်ချင်ပြီ နင်လဲပြန်တော့"

"ငါလဲအိပ်ချင်နေပြီ အတော်ဘဲငါတို့တူတူအိပ်ရအောင်"

"ဘာတွေလျှောက်ပြောနေတာလဲ မနောက်နဲ့နော်"

"နောက်လားမနောက်ဘူးလားသိအောင် ပြရတာပေါ့"

ချက်ချင်းလက်ငင်း လက်နှစ်ဖြင့်ပုခုံးကိုလာကိုင်ကာအိပ်ယာပေါ်သို့ထိုင်စေသည် နောက်ပြီးကုတင်ပေါ်တက်၍စောင်ကိုဆွဲခြုံကျကျနနအိပ်နေလိုက်သောသူ အမယ် သူ့အိပ်ယာကျနေတာဘဲ

"ရာ့ ဘယ်မှာလာအိပ်နေတာလဲခွေးပေါက် သွားပြန်"

"ဟာကွာ အတင်းကိုနှင်ထုတ်နေတော့တာဘဲ နင်လဲအိပ်ချင်နေပြီမလား လာ"

✓ They don't know about usWhere stories live. Discover now