Final

437 33 25
                                    

"ဘာဘဲပြောပြောသားတော့သဘောမတူဘူး!"

ဟော ခုလည်းသူ့ဘာသူပြောပြီးထွက်သွားတဲ့ရှင်းမ်ဂျိတ်







~~~~~~~~~~


ဂျယ်ယွန်းပြောတာတော့ဒီနေ့5:30လောက်လာခေါ်မယ်ပြင်ဆင်ထားပါတဲ့

ထူးထူးဆန်းဆန်းလဲမဟုတ်အရင်ကလဲသွားလာနေကြဖြစ်တာမို့ ဂါဝန်အဖြူလေးရယ်၊ဘွတ်ဖိနပ်ရယ်၊capအနီရောင်လေးရယ်နဲ့ပေါ့ပေါ့ပါးပါးရိုးရှင်းစွာဘဲဝတ်ဆင်ထားတဲ့သူမကတော့ဂျယ်ယွန်းအမြင်မှာအလှဆုံးသာဖြစ်လိမ့်မည်

ကားဟွန်းတီးသံကြားတော့ဂျယ်ယွန်းဖြစ်ရမည်ဟူ၍အောက်ထပ်ကိုထွက်ကြည့်လိုက်သည်

"သွားမယ်လေ"

"အင်း ဒါနဲ့ဘယ်လဲ"

"အော် ဟိုရောက်ရင်သိမှာပေါ့ တက်မှာဖြင့်တက်ပါ"



ကားကအမိုးမပါတာကြောင့်ညနေခင်းရဲ့လေညင်းလေးများကလဲတိုက်ခက်လျက်ကြားကလွှင့်မျှောနေတဲ့ဆံနွယ်များနဲ့သူမကဂျယ်ယွန်းကိုအကြည့်မခွါနိုင်ဖြစ်စေခဲ့သည်

"ဘာကြည့်တာလဲ?"

အယ် သူခိုးလူမိပြီ ...

"ဘာမှမကြည့်ဘူး
နဲနဲဝေးမှာမို့အိပ်ချင်အိပ်"

"မအိပ်ပါဘူး"

ရွဲ့စောင်းစောင်းပြော၍နားကြပ်တပ်ကာလေ့ညင်းခံရင်းဘေးကိုသာမှီ၍လိုက်ပါလာခဲ့တာမအိပ်ဘူးဆိုပြီးခုတော့အိမ်မက်ကမ္ဘာထဲရောက်နေတဲ့ကလေးမကချစ်စရာအတိ






~~~~~~~~~~




"ဘုရား! လန့်လိုက်တာ!"

တစ်ရေးအိပ်မှနိုးလာရာ ရောက်ပြီလား ဆို၍အတွေးနဲ့ဘေးကိုကြည့်တော့ ဆရာသမားကမေးထောက်ပြီးကိုစိန်ပြေတစ်ပြေ ထိုင်ကြည့်နေလေသည်

"ရာ့ ရောက်ပြီလား ဘာလို့မနှိုးတာလဲ?!"

"နင်အိပ်ရေးပျက်မှာဆိုးလို့ ပြီးတော့နင်အိပ်နေတာလေးကချစ်စရာလေးလေ"

"အို .. ထားပါတော့ ဆင်းမယ်လာ"

"နေအုံးနေအုံး!!"

"ဘာလုပ်မလို့လဲ?!"

"ခန
သတိထားသွားနော်"

မျက်လုံးကိုလက်နှစ်ဖက်နဲ့အုပ်ပြီးကျွန်မကိုအရှေ့ကနေအရင်သွားစေသည်

✓ They don't know about usWhere stories live. Discover now