*104* ပြဿနာရှာခြင်း

10K 1.7K 15
                                    

ယင်ကျင်းရဲ့ရဲ့ကတိကြောင့် နောက်ဆုံးတော့ ရုန်ယိတစ်ယောက် အိမ်တော်ထဲမှာ ရက်အနည်းငယ်လောက် စိတ်ချလုံခြုံစွာနဲ့ နေနိုင်သွားလေပြီ။ ဒါပေမဲ့ သူလုပ်စရာရှိတာတော့ လုပ်ရဦးမည်။ သူ ချီလန်က သခင်မကြီးရဲ့နာမည်အောက်မှာ သူ့နေရာကိုလာပြီး သူကဒီအိမ်တော်ကနေအချိန်မရွေးမောင်းထုတ်ခံရမဲ့လူဖြစ်ပြီး ချီလန်ကတော့ ဒီအိမ်ရဲ့အရှင်သခင်အစစ်ကဲ့သို့ ဟိုဟိုဒီဒီပြဿနာလိုက်ရှာနေမှာမျိုး မလိုချင်ပေ။

မနက်စာစားပြီးနောက် ရုန်ယိ ရုန်ဟွမ်ကိုခေါ်ကာ ဖုတ်ကောင်လေးကို စကားပြောတာနဲ့ အခြေခံအပြုအမူလေးတွေ သင်ကြားပေးထားဖို့ပြောလိုက်ပြီး ရုန်စုကိုခေါ်ကာ အိမ်ရှာဖို့ထွက်လာခဲ့သည်။

ရုန်စုက နားမလည်နိုင်တဲ့ပုံနဲ့
"သခင်လေး...ကျွန်တော်တို့ကိုရှာခိုင်းလိုက်လည်းရတဲ့ဟာကို"

ရုန်ယိ သူမိစ္ဆာဘုံတောအုပ်ထဲကနေရလာတဲ့ သံလိုက်အိမ်မြှောင်ကိုထုတ်လိုက်ပြီး
"အိမ်တစ်အိမ်ရှာတာကလွယ်ပေမဲ့ ဖုန်းရွှေကောင်းမွန်တဲ့ နေရာရှာတွေ့ဖို့ကတော့ မလွယ်ဘူးလေ"

"သခင်လေး ဒါကိုဘယ်ကနေရလာတာလဲ..သံလိုက်အိမ်မြှောင်ကိုဘယ်လိုဖတ်ရမလဲ သိတာလား..ဒါက ကြည့်ရတာတော်မဆိုးဘူးနော်"

"ဒါကို ငါ့ကိုသတ်ဖို့လုပ်တဲ့လူတွေဆီကနေရလာတာလေ"

ရုန်စု ဒီအကြောင်းကို ရှင်းဟယ်ဆီကနေကြားထားပြီးပြီဖြစ်သည်။
"သခင်လေး..မစိုးရိမ်နဲ့...ကျွန်တော်တို့ ဒါကိုစုံစမ်းဖို့လူတွေလွှတ်ထားတယ်..ရှင်းဟယ်ဆီကကြားတာတော့ ဒီလူတွေက တုရှန်းဂိုဏ်းကဝတ်စုံတွေကိုဝတ်ဆင်ထားကြပေမဲ့ သူတို့ရဲ့သိုင်းပညာကတော့ အဲ့ဂိုဏ်းကနဲ့ မတူဘူးတဲ့..တစ်ယောက်ယောက်က အဲ့ဂိုဏ်းအပေါ်ကို အပြစ်ပုံချချင်နေတာဘဲ"

"ဟယ့်ဟွမ်ခန်းမသခင်က ဘယ်သူနဲ့အဆက်အသွယ်ရှိလဲလို့ စုံစမ်းကြည့်တာကပိုကောင်းလိမ့်မယ်...ဒီကိစ္စက သူနဲ့လည်းသက်ဆိုင်နေမှာဘဲ"

"ဟုတ်ကဲ့..ကျွန်တော်တို့ သူ့ကိုစုံစမ်းဖို့လည်း လူတွေလွှတ်ထားသေးတယ်..ဒါပေမဲ့ သူနဲ့ဆက်သွယ်တဲ့သူတွေကအရမ်းများလွန်းတော့ သဲလွန်စရှာဖို့ဆိုတာက တစ်ကယ်မလွယ်ဘူး"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now