Arc 1 《2》

457 93 8
                                    

စိတ္တဇလူသတ်သမားကို ကယ်တင်ခြင်း
__________________________

လူတွေ ဒဏ်ရာရနေချိန်မှာ ဆူညံသံကို ခံနိုင်ရည်ရှိမှုက အမြဲဆိုးဝါးလှတယ်။ ထိုအော်သံကိုကြားပြီးနောက်မှာ ရမ်ကျူး အလွန်စိတ်ကသိကအောက်ဖြစ်သွားတယ်။ သူ့ဒဏ်ရာတွေကို “အတန်းပိုင်ဆရာ၏ ချစ်ခင်ထိတွေ့မှု” နှင့်နည်းနည်းကုသထားတာကြောင့်မဟုတ်ရင် ထိုအသံလှိုင်းတိုက်ခိုက်မှုကြောင့် မြေပေါ်လဲကျသွားနိုင်တယ်လို့ ခံစားလိုက်ရတယ်။

သူ့စိတ်ထဲ အမြန်ရှာလိုက်တော့ ဒီလူနှစ်ယောက်ရဲ့ နာမည်ရယ်၊ သူတို့နှင့်ဆက်စပ်နေတဲ့ အချက်အလက်အချို့ကို တွေ့လိုက်ရတယ်။ ရမ်ကျူး သူ့နှုတ်ခမ်းတွေကို စုဝိုင်းလိုက်ပြီး “ဆရာမလိလိ၊ အော်ဟစ်နေမဲ့အစား ကျွန်တော် ဆေးရုံသွားဖို့ လူနာတင်ကား ဒါမှမဟုတ် တက္ကစီတစ်စီး ခေါ်ပေးဖို့လိုမယ် ထင်တယ်”

သူမနာမည်ကို ကြည်လင်တဲ့ အသံနဲ့ ခေါ်တာကြားတော့ ဆရာမက ချက်ချင်း ပါးစပ်ပိတ်လိုက်ပြီး ခေါင်းညိတ်ပြလိုက်တယ် “ရှင်ပြောတာ မှန်တယ်၊ ကျွန်မ ရှင့်အတွက် လူနာတင်ကားခေါ်ပေးမယ်!”

သူမပြောပြီးပြီးချင်း ဖုန်းထုတ်လိုက်တယ်။ ကြည့်ရတာ *120 ကိုခေါ်မည့်ပုံပင်။

¶ 120 : တရုတ်အရေးပေါ်ဖုန်းနံပါတ် ¶

ရမ်ကျူး သူ့နှုတ်ခမ်းထောင့်ကို ပင့်လိုက်ပြီး “တက္ကစီပဲခေါ်ပေးပါ၊ ကျွန်တော် အခုအဆင်ပြေပါတယ်၊ အရေးပေါ် ကုသမှု မလိုပါဘူး၊ နဖူးက သွေးထွက်နေရုံလောက်ပါ”

ရမ်ကျူး စကားကိုကြားတော့ ဘေးမှာရပ်နေတဲ့ ကိုလူချောက လှောင်ပြောင်တဲ့အကြည့်နှင့် မျက်ခုံးပင့်ပြလိုက်တယ်။ လွဲမှားနေတာတွေရှိပုံရတယ်။ အတန်းအားလုံးမှာ အားနည်းဆုံးလို့ ဆိုနိုင်တဲ့ ဒီဆရာက တကယ်ကို အေးအေးဆေးဆေးဖြစ်နေပုံပင်။

“အာ ဒါပဲလား? ဒါပေမဲ့ ရှင့်မျက်နှာတစ်ခုလုံး သွေးတွေနဲ့ ပြည့်လုနီးပါးပဲ၊ လူနာတင်ကားခေါ်ဖို့ တကယ်မလိုအပ်ဘူးလား?”

လိလိ စိုးရိမ်တကြီး မေးလိုက်တယ်။ ရမ်ကျူး ခေါင်းညိတ်ပြတာ မြင်ပြီးနောက် သူမ သက်ပြင်းချပြီး တက္ကစီပြောင်းခေါ်လိုက်တယ် “ဆရာရမ်၊ အရင်က ကျွန်မတို့မပြောခဲ့ဖူးလား? ရှင်အတန်းနည်းနည်းကို ပေါ့ပေါ့ပါးပါး သင်ပေးရုံပဲ၊ အတန်းထဲက ကလေးတွေကို ဂရုစိုက်ပေးဖို့ မလိုဘူး၊ ဘာပဲဖြစ်ဖြစ် ကလေးအများစုမှာ သူတို့ကို ပံ့ပိုးပေးမဲ့သူတွေရှိတယ်၊ ဘာမှမသင်ရရင်တောင် သူတို့မှာ တောက်ပတဲ့ အနာဂတ်ရှိတယ်၊ သူတို့ကျောင်းလာတာက သူငယ်ချင်းဖွဲ့ပြီး ဆော့ကစားဖို့ လာကြတာ၊ သူတို့ ဆိုးဝါးတဲ့အရာဘာပဲလုပ်လုပ် ရှင်နဲ့မဆိုင်ပါဘူး၊ သူတို့ရဲ့ အတန်းဖော်အပေါ် တစ်ခါတစ်ရံ ဗိုလ်ကျမိတာပါ၊ ဘာလို့ ကြားဝင်နှောင့်ယှက်ရတာလဲ? အခုရှင်လည်း အဲဒီကလေးတွေရဲ့ ပစ်မှတ်ဖြစ်သွားရပြီ”

အတန်းပိုင်ဆရာစနစ်Where stories live. Discover now