Arc 1 《5》

511 100 31
                                    

စိတ္တဇလူသတ်သမားကို ကယ်တင်ခြင်း
_________________________

ဝက်ဝံလိုကလေးတွေနှင့် တံခါးနားမှာရပ်နေတဲ့ ပါမောက္ခတို့ ဘယ်လိုပဲတွေးနေတွေးနေ၊ ဆရာရမ် အိမ်စာစစ်ချင်ကတည်းက သူ့ကို တားနိုင်မဲ့သူမရှိတော့ဘူး။ ဒီအချက်ကို လူတိုင်းသေချာသိကြတယ်။ ဒါကြောင့် ဝက်ဝံလိုကလေး 42 ယောက်က ကြောက်လန့်မှုအပြည့်နှင့် တုန်ယင်နေချိန်မှာပဲ အတန်းခေါင်းဆောင် ကျန်းဖေးက မတ်တပ်ထရပ်ကာ လေးစားမှုအပြည့်နှင့် အိမ်စာစာအုပ်သုံးအုပ်ကို လေးလေးနက်နက် ကမ်းပေးလိုက်တယ်။

ရမ်ကျူး စာအုပ်သုံးအုပ်ကို ကြည့်ပြီး သူ့အမူအရာက နားမလည်သလို ဖြစ်နေတယ်။

“ဒီ့အပြင် ဘယ်သူမှ အိမ်စာမရေးထားဘူးလား?”

ဒီစာကြောင်းရဲ့ လေသံက အလွန်နူးညံ့ပြတ်သားပြီး နှစ်လိုဖွယ် စကားပြေအချို့ကို အသံထွက်ဖတ်ဖို့အတွက်တောင် အသုံးပြုနိုင်တယ်။ သို့သော် လုရှောင်ဖောင့် အပါအဝင် 6 တန်း အခန်း 8 ကကျန်ကျောင်းသား 42 ယောက်လုံး အားကောင်းတဲ့ အန္တရာယ်ကို ခံစားလိုက်ရတယ်။ အကြောက်တရားသိပ်မရှိတဲ့ ကလေးတွေရဲ့ မျက်လုံးများက မျက်ရည်များစိုစွတ်ကာ အနီရောင်ပြောင်းနေပြီး အကြောက်တရား၊ မကျေနပ်မှုတို့နှင့် ပြည့်နေခဲ့တယ်။ သူတို့ကို ခန့်မှန်းရသလောက် အိမ်စာလွှမ်းမိုးခံရခြင်းရဲ့ ကြောက်စရာ ခံစားချက်ကို တွေ့ကြုံခံစားရတာက ပထမဆုံးအကြိမ် ဖြစ်နိုင်တယ်။

ရမ်ကျူး ခေါင်းညိတ်လိုက်ပြီး “ဒီလိုဆိုတော့...”

ဝက်ဝံလိုကလေးတွေက ရမ်ကျူးကို ကြောက်ရွံ့စွာ စိုက်ကြည့်နေကြတယ်။ လူတိုင်းရဲ့လက်ဖဝါးကို ဆယ်ကြိမ်ရိုက်မယ်လို့ အကြင်နာမဲ့စွာ သူပြောလာမှာကို ကြောက်နေမိကြတယ်။ သူတို့လက်တွေက ဖြူဖွေးနူးညံ့တာကြောင့် အရိုက်ခံရတာကို မခံနိုင်ဘူးလေ! ဒါ့အပြင် သူတို့ဘော့စ်ငိုနေတာကို မြင်ရုံနှင့်တင် သံပေတံနှင့် ရိုက်ခံရတာ အလွန်နာတာကို သူတို့ သိနိုင်တယ်။

“မင်းတို့အိမ်စာတွေကို နှစ်ခါပြန်ရေးလာခဲ့” ရမ်ကျူး ပြောပြီး အောက်ဘက်က ကလေးတွေကို ကြည့်လိုက်တယ် “ကန့်ကွက်စရာရှိလား?”

အတန်းပိုင်ဆရာစနစ်Where stories live. Discover now