Arc 1 《4》

422 97 16
                                    

စိတ္တဇလူသတ်သမားကို ကယ်တင်ခြင်း
__________________________

လုဘန်းဘန်က မူလတန်းကျောင်းတစ်ခုလုံးကို ခြောက်နှစ်ကြာ အုပ်စိုးခဲ့တဲ့ ဝက်ဝံလိုကလေးကြီးဖြစ်တယ်။ 6 တန်း ကျောင်းသားအားလုံးစုပြီး သူ့ကို ခက်ခဲအောင်လုပ်ချင်တဲ့အထိ ကျော်ကြားသလို သူ့အတန်းထဲက ကောင်လေးတွေက သူ့ကို ဘော့စ်လို့နေ့တိုင်း ခေါ်ရတဲ့အထိလည်း ရေပန်းစားတယ်။ သူက ကျင်းရွေ့ ကိုယ်ပိုင်ကျောင်းရဲ့ ထိန်းမရတဲ့ အုပ်စိုးသူအရှင်ကြီးဟု ဆိုနိုင်တယ်။ သူသိထားသလောက် 6 တန်း အခန်း 8 စာသင်ခန်းက သူ့ပိုင်နက်ဖြစ်တယ်။ ကျောင်းသားတွေက သူ့စကားကို နားထောင်ပြီး သူ့အမိန့်ကို လိုက်နာဖို့ လိုအပ်တဲ့အပြင် 6 တန်း ဆရာတွေကလည်း အလုပ်ပြုတ်ခြင်းကိုတားဆီးဖို့ သူ့ကိုဧကရာဇ်တစ်ပါးလိုမျိုး အလိုလိုက်အကြိုက်ဆောင်ပေးရတယ်။

တကယ်တော့ ဆရာအများစုက ဒီလိုပဲ။ အတန်းချိန်အတွင်းမှာ လုဘန်းဘန်ကို ဘယ်ဆရာကမှ ပွင့်ပွင့်လင်းလင်း မဝေဖန်ဖူးတာကြောင့် မရည်ရွယ်ဘဲ သူ့စိတ်တိုင်းကျဖြစ်သွားစေခဲ့တယ်။ အဆုံးတော့ သူ့အဖေက ပေကျင်းမြို့တော်ပညာရေးဌာနရဲ့ လက်ရှိညွှန်ကြားရေးမှူးပင်။ ညွှန်ကြားရေးမှူးရဲ့ စကားက ဆရာတစ်ယောက်ရဲ့ ကံကြမ္မာကို လုံး၀ဆုံးဖြတ်ပေးနိုင်တယ်။ ကျောင်းအုပ်ကြီးတောင်မှ ဒီဧကရာဇ်လေးကို အတန်ငယ် အလိုလိုက်ပေးခဲ့ရတယ်။

ဒါကြောင့် လုဘန်းဘန်က ပထမတန်းကနေ 6 တန်းအထိတစ်လျှောက်လုံး အာဏာရှင်တစ်ဦးဖြစ်ခဲ့ပြီး သူက ဝက်ဝံလိုကလေးတစ်ယောက်ဆိုတာကို နည်းနည်းလေးတောင် ဂရုမစိုက်ဘူး။ အဲ့ဒီအစား တစ်ကျောင်းလုံးက သူ့စကားကို နာခံသင့်တယ်လို့သာ သူခံစားရတယ်။ ဒါက ရိုးရှင်းတဲ့ *ကောင်းကင်နှင့်မြေကြီးဥပဒေသပင်။ ကျောင်းရှိလူတိုင်းက သူ့စကားကို နာခံရတာကြောင့် အိမ်စာရေးခြင်းက သူ့အစီအစဉ်ထဲမှာ မပါဝင်ခဲ့ဘူး။ လုဘန်းဘန်က လွန်ခဲ့တဲ့ ခြောက်နှစ်လုံးလုံး အိမ်စာတစ်ခုမှ မရေးခဲ့ဘူးလို့ ပြောနိုင်တယ်။ ဒါတောင် သူ့ရမှတ်တွေက အကောင်းဆုံးဖြစ်နေတုန်းပင်။ သူ့ကို ဉာဏ်ကြီးရှင်တစ်ယောက်လို့ မယူဆပါနှင့်။ သူက စာမေးပွဲတိုင်းမှာ တရားဝင်အဖြေမိတ္တူကို ရရှိလို့ပင်။

အတန်းပိုင်ဆရာစနစ်Where stories live. Discover now