1

596 39 15
                                    


Unicode ver.

ငေးကြည့်မိတဲ့ မျက်လုံးဝိုင်းလေးတွေပေါ်မှ ကာရံထားသလို အတားအဆီးဖြစ်နေတဲ့ မျက်မှန်ကို Jeno မုန်းမိသည်။ ကိုယ်က မုန်းသည်ဆိုပေမယ့် ဒီမျက်မှန်က သူ့ချစ်ရသူအတွက်တော့ အမြင်အာရုံကြည့်ကောင်းအောင် အထောက်အကူပြုနေသည်မဟုတ်ပါလားလေ။

နိုင်ငံခြားသားပေမယ့် ကိုရီးယားမှာ ဆွေမျိုးရှိတဲ့အတွက် ကိုရီးယားနိုင်ငံက အထက်တန်းကျောင်းကို လာတက်တဲ့ ဒီတရုတ်လေးက စတွေ့တည်းက သူ့ကို ရင်ခုန်စေခဲ့သည်။

တရုတ်နိုင်ငံမှာတည်းက ကိုရီးယားဘာသာပါ တွဲသင်တဲ့အထက်တန်းကျောင်းကို တက်ခဲ့သူမို့ ကိုရီးယားစကားကိုတော့ ကျွမ်းကျင်သူဖြစ်သည်။ ထိုကောင်လေးက ဘာသာစကားကျွမ်းကျင်ရုံတင်မဟုတ် စာလည်းတော်ပြီး အဆင့်က ထိပ်တန်းအဆင့်မှာ အမြဲတမ်းဝင်သည်။

ဒီကောင်လေးက Jeno စတွေ့စ အလယ်တန်းကနေ အခုအထက်တန်းထိတိုင် သဘောကျနေမိသူ Huang RenJun ပင် ဖြစ်သည်။

-------------------------------

အမြဲတမ်း အေးစက်စက်နေတတ်တဲ့သူ့ကို အတန်းထဲက ကျောင်းသားတွေထဲ ငယ်ငယ်တည်းက ပေါင်းလာသူ Jaemin နဲ့ Haechan ကလွဲ ကျန်တဲ့သူများက စကားမပြောရဲကြပေ။ သူသဘောကျရတဲ့ မျက်လုံးဝိုင်းလေးလည်း အတူတူပင် သူ့ကို စကားမပြောရဲ။

အချိန်တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးလာတာနဲ့အမျှ သူတို့တောင် အထက်တန်းနောက်ဆုံးနှစ်ကို ရောက်လာခဲ့ပြီဖြစ်သည်။ စတွေ့တည်းက အထက်တန်းရောက်ရင် ဖွင့်ပြောမည်ဆိုသော Jeno ၏ အကြံများက အဆင်ပြေပါ့မလားလေ။

အထက်တန်းနောက်ဆုံးနှစ်ရဲ့ ပထမဆုံးကျောင်းဖွင့်ရက်မှာ Jeno စက်ဘီးလေးနင်းပြီး ကျောင်းကို လာခဲ့လေသည်။ လှမ်းမြင်ရတဲ့ ကျောင်းပေါက်ဝဆီက ပုံရိပ်လေးဟာ သူလပိုင်းလောက် လွမ်းနေခဲ့ရသော မြတ်နိုးရသူမဟုတ်ပေလား။

စက်ဘီးကို ကျောင်းပေါက်ဝထဲရောက်တာနဲ့ အရှိန်လျှော့နင်းပြီး မြတ်နိုးရသူဘေးက ဖြတ်သွားလိုက်သည်။ မပြောင်းမလဲဘဲ ထားတတ်တဲ့ ဆံပင်အုပ်အုပ်လေးတွေက နဂိုပုံစံအတိုင်း၊ ဒီလိုပဲ ချစ်ဖို့ကောင်းမှုကလည်း ထပ်တူမပြောင်းမလဲ။

κι εγω σε αγαπω [NoRen]Where stories live. Discover now